နိုင်ငံတော်သမတ လာရောက်ရန်ရှိသဖြင့် ပုဂံဒေသ အာနန္ဒာဘုရား
အနီးရှိဆိုင်ခန်းများအား သက်ဆိုင်ရာက သုံးရက် ပိတ်ခိုင်းထားကြောင်း
ပုဂံဒေသခံများကပြောသည်။
“ ဒီနေ့ (ဇွန်လ ၇ ရက် ) က စပိတ်ရတာ သုံးရက်ပိတ်ခိုင်းတယ်။ သမတ
လာလို့ ဆိုင်ပိတ်ရတယ် ဆိုတာ သမတကြီးကို မေးလိုက်ချင်တယ် ဆင်းရဲ
မွဲတေမူ ပပြောက်ရေးလားလို့ ” အဆိုပါဘုရားအနီး ဆိုင်ဖွင့်ထားသူတစ်ဦး
က ပြောသည်။
သမတဦးသိန်းစိန်သည် ပခုက္ကူတံတားဖွင့်လှစ်ရန်အတွက် ဇွန်လ ၉ရက်နေ့ 
တွင်ပုဂံဒေသ သို့ လာရောက်ရန်ရှိကြောင်း အာဏာပိုင်နှင့်နီးစပ်သူများက
ပြောသည်။
“ ဒီလုပ်ရန်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ သမတကို ပြည်သူတွေ
မညိုညင်စေချင်ဘူး။ ဒီလို လူကြီးလာမှ အလုပ်လုပ်ပြတဲ့ ခေတ်တွေလည်း
ကုန်သင့်ပါပြီ ”ဟု ပုဂံဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက
မှတ်ချက်ပြုသည်။
0 comments:
Post a Comment