
လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေလျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံအလုပ်သမားတွေရဲ့ခေါင်းဆောင် ၁၇ ဦးကို အလုပ်ကထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့လဆန်းရက်မှာ အလုပ် ထုတ်လိုက်တဲ့စာ ကို ရွှေပြည်သာ စက်မှုဇုံကြီးကြပ်ရေးကော်မတီက
ပေးအပ်လိုက်တာလို့သိရပါတယ်။
ဒါကြောင့် အဲဒီအလုပ်သမားတွေက NLD ရှေ့နေ ကွန်ယက်အဖွဲ့ကို အကူအညီတောင်းတဲ့ အတွက် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံပေးလိုက်တယ်လို့ NLD အလုပ်သမားအရေး
ဆောင်ရွက်သူ ဦးသက်ဝေက ပြောပါတယ်။
Grand Royal စက်ရုံအလုပ်သမားတွေဟာ လုပ်သက်အနု-အရင့်ပေါ် မူတည်လို့ တနေ့ကို ၁၁၀၀ ကျပ်ကနေ ၁၄၀၀ ကျပ်ဝန်းကျင်သာ ရကြပြီး၊ အချိန်ပိုကြေးနဲ့ပေါင်းမှ တလကို ကျပ် ၅ သောင်း ဝန်းကျင်ပဲ ရကြတဲ့
အတွက် တလကို ကျပ်ငွေ ၆ သောင်းကျော်ပေးဖို့တောင်းဆိုခဲ့ကြတာပါ။
အဲဒီလိုဆန္ဒပြတောင်းဆိုချိန်မှာ အလုပ်ရှင်ဘက်က အခုအလုပ်ထုတ်လိုက်တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့မဆွေးနွေးဘဲ၊ အခြားအလုပ်သမား တချို့နဲ့ပဲ ဆွေးနွေးပြီး သဘောတူစာချုပ်တွေ လက်မှတ်ထိုးလိုက်ကြ ပါတယ်။
အဲဒီသဘောတူညီချက်မှာ အများစုတောင်းဆိုထားတဲ့ လုပ်ခလစာနှုန်း ထားမပါရှိဘဲ၊ စည်းကမ်းတချို့ လျှော့ပေးတာမျိုးပဲ ပါတဲ့အတွက် ကိုယ်စားလှယ်တွေဘက်က သဘောမတူပဲဆက်လက်ဆန္ဒပြခဲ့ပါတယ်။
ဒီအခြေအနေမှာ ၃ ရက်အတွင်းအလုပ်မဆင်းရင် အလုပ်ကနေ ထုတ်ပစ်မယ် ဆိုတဲ့ အလုပ်ရှင်နဲ့ သူ့အလုပ်သမားတချို့ရဲ့ သဘောတူညီမှု ထဲက အချက်ကိုထောက်ပြီး အလုပ်သမားကိုယ်စားလှယ် ၁၇ ဦးကို ထုတ်ပစ်လိုက်တာဖြစ်ပါတယ်။
Welcome to SeekaHost
9 months ago










0 comments:
Post a Comment