ဘင်္ဂလီကိစ္စမှာ ၈၈ မျိုးဆက် အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ ကိုမြအေးကိုယ်တိုင် ပွင့်ပွင့်လင်းလင်းနဲ့ အဲဒီလိုဖြေခဲ့တယ်ဆိုတော့ အဖြေ တစ်ခုထွက်သွားပေမယ့်...။ ကုလား-ရခိုင် အဓိကရုဏ်းတွေရဲ့ .လက်ရှိအခြေအနေကို အောက်ပါအတိုင်း သုံးသပ်ကြည့်ချင်ပါတယ်..။
(၁) သမ္မတရဲ့ မိန့်ခွန်းကိုတောင် စနစ်တကျစိစစ်ဖြတ်တောက်တဲ့ ပြန်ကြားရေးရဲ့ သတင်းစာကနေ မွတ်စလင်ကုလား လို့ ထူးခြားစွာ သုံးနှုန်းခဲ့ခြင်း
(၂) Myanmar Express အပါအ၀င် ရုရှားရောက်စစ်ဗို်လ်များ၏ facebook နဲ့ အခြား website များတွင် တိုင်ပင်ထားသည့်အလား..။ အပြန်အလှန် ပြင်းထန်စွာ share နေကြခြင်း..။
(၃) ထိုင်းခရီးစဉ်ကြောင့် နိုင်ငံတကာနယ်ပယ်တွင် ဒေါ်အောင်ဆန်း စုကြည်၏ image မှာ နိုင်ငံ့ထိပ်တန်းခါင်းဆောင်တစ်ယောက်အဖြစ် လေးစားယုံကြည်မှုကိုခံရခြင်း..။
မယ်တော်ဆေးခန်းနှင့် မယ်လဒုက္ခသည်စခန်း ခရီးစဉ်များတွင် ရောက်စကလိုမဟုတ်ပဲ.ထိုင်းအစိုးရမှ မျက်လှည့်ပြလိုက်သလို ကမန်းကတန်းဖြင့် ။ရောက်ပြန် ပုံစံဖြင့် အတိုချုံး သွားရောက်စေရန် ..ဖန်တီးခဲ့ခြင်း..။ (တစ်ဦးတစ်ယောက်က ဖိအားပေးထားသလို တည်ငြိမ်မှုမရှိတော့ခြင်း)
(၄) အင်တာနက်သတင်းများအရ သမ္မတကြီး ဦးသိန်းစိန်၏ ကျန်းမာရေး မကောင်းဟု သိရခြင်း..။
(၅) Hard liner ဖြစ်သော ဒုသမ္မတ ရှစ်လုံးမှာ ပျောက်ကွယ်နေသော်လည်း တာဝန်မှ အနားမယူဟု သိရခြင်း။
(၆) ရခိုင်ကိစ္စနှင့်ပတ်သက်ပြီး ရှေ့နေတစ်ယောက်နှင့် အင်တာဗျူးထားသော dvb website မှာ လုံးဝ ဖွင့်မရခြင်း..။
(၇) ၀ံသာနုရက္ခတအပါအ၀င် လူမျိုးရေးအစွန်းရောက်အဖွဲ့အစည်းများမှ ဖြန့်ဝေသည့်စာများကို မည်သူ့မှ အရေးမယူပဲ.. ဟပေးထားခြင်း..။
အစရှိသဖြင့် တွေးတော သုံးသပ်စရာ များစွာ ရှိခဲ့ပါသည်..။ ဥာဏ်မီသလောက် တွေးတော သုံးသပ်ကြပါကုန်..။
ကိုမြအေးပြောသလို ပြည်တွင်းက native islum များကော ရခိုင်နဲ့ မြန်မာတိုင်းရင်းသားများပါ..။ ထောင်ချောက်အတွင်း မ၀င်မိကြပါစေနဲ့..။
Wednesday, June 6, 2012
ကိုမြအေးပြောသလို ပြည်တွင်းက native islum များကော ရခိုင်နဲ့ မြန်မာတိုင်းရင်းသားများပါ..။ ထောင်ချောက်အတွင်း မ၀င်မိကြပါစေနဲ့..။
Yan Aung
0 comments:
Post a Comment