စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 13, 2012

Peace Donor Support Group အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာ


စစ်တွေလေဆိပ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ နှင့် ဦးဇော်ဇော်တို့ တွေ့ဆုံစဉ်


Peace Donor Support Group အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး စစ်တွေမှတစ်ဆင့် မောင်တောသို့ ဆက်လက်ထွက်ခွါမည် ဖြစ်ကြောင်း သိရှိရသည်။

ဗီဂျေးနမ်ဗီယာသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနှင့်အတူ စစ်တွေသို့ ရောက်ရှိလာခဲ့ကြောင်း၊ ၄င်းတို့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဘာသာရေးခေါင်းဆောင်(၁၅)ဦး လိုက်ပါသွားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးမည့် Peace Donor Support Group

Peace Donor Support Group(PDSG) တွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့ အစည်းများ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် အကူအညီများ ပေးအပ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤကဲ့သို့ အဖွဲ့အစည်းမျိုးစုံ ပါဝင်သော ငြိမ်းချမ်းရေးတည်ဆောက်မှု အကူအညီပေးရေး အစီအစဉ်များကို ယခင်က ဖွဲ့စည်းခြင်း မရှိခဲ့သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသော နိုင်ငံရေးတိုးတက်မှုများနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များကို အခြေခံ၍ ထိရောက်သော နိုင်ငံတကာအကူအညီပေးရေး စီမံချက်တစ်ရပ်အနေဖြင့် စုစည်းအကောင်အထည် ဖော်ခြင်း ဖြစ်သည်။

အဆိုပါ စုစည်းမှုမှတစ်ဆင့် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း နိုင်ငံတကာမှ ပေးအပ်လာသည့် အကူအညီ များကို စနစ်တကျ အသုံးပြု၍ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ထို့အပြင် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် လေလွင့်ပြုန်းတီးမှု မရှိစေရန်၊ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို PDSG အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် နော်ဝေနိုင်ငံအနေဖြင့် ကနဦးစတင်သူအဖြစ် ဦးဆောင်ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

နိုင်ငံတော်သမ္မတနှင့် ယမန်နေ့က တွေ့ဆုံရာတွင် ပါဝင်ခဲ့သော PDSG အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံ တကာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို အပြည့်အ၀ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤ PDSG အဖွဲ့ကို အခြေခံ၍ အနာဂတ်ကာလတွင်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများတွင် ပါဝင်ကူညီ ထောက်ပံ့လိုသော နိုင်ငံများကိုလည်း တိုးချဲ့လက်ခံ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ PDSG အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကူညီပေး နိုင်မည့်အစီအစဉ်များတွင် နည်းပညာဆိုင်ရာအကူအညီများ၊ အကြံဥာဏ်ပေးခြင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ယမန်နေ့က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် PDSG အဖွဲ့ဝင်များက အောက်ပါအတိုင်း ပြောကြားခဲ့ ကြောင်း သိရှိရသည်-

(၁) နော်ဝေသံအမတ်ကြီး ။ သမ္မတကြီး အထူးအလေးထား ဆောင်ရွက်လိုသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကနဦးစီမံချက်များ ရေးဆွဲ၍ ဆောင်ရွက်သွားမည်။

(၂) ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးနှင့် ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးရန်ပုံငွေမှ ကနဦး အမေရိကန်ဒေါ်လာ (၅)သန်း ထည့်ဝင်မည်၊ လုပ်ငန်းများ လက်တွေ့စတင်အကောင်အထည်ဖော်ချိန်တွင် ထပ်မံထည့်ဝင်သွားမည်။

(၃) သြစတြေးလျ သံအမတ်ကြီး ။ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး လာရောက်စဉ်က ကျန်းမာရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ (၅)သန်း ထည့်ဝင်ပြီး ဖြစ်၊ မြေမြုပ်မိုင်းများ ရှင်းလင်းရေးအတွက် ကျွမ်းကျင်သူပညာရှင်များ စေလွှတ်ပေးမည်၊ PDSG နှင့် Myanmar Peace Center တို့ ပူးပေါင်းဆောင်ရွက်မည်။

(၄) ဗြိတိန်သံအမတ်ကြီး ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အလေးထားဆောင်ရွက်နေခြင်းကြောင့် လတ်တလော လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ(၅)သန်း ထည့်ဝင် မည်၊ လာမည့် (၃)နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း(၃၀၀)ပေးအပ်ကူညီမည်။

(၅) EU ဌာနေကိုယ်စားလှယ် ။ ၂၀၁၂-၂၀၁၃ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယူရိုငွေ သန်း(၁၅၀) ထောက်ပံ့မည်ကို ကြေညာခဲ့ပြီး ဖြစ်၊ မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များအတွက် နည်းပညာ များနှင့် ကနဦး အကူအညီ ယူရို (၃)သန်း/(၄)သန်း သုံးစွဲရန် လျာထား၊ ကဏ္ဍစုံ ဘက်စုံ အကူအညီများ ပေးအပ် သွားမည်။

(၆) ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် ။ ကြွေးမြီပေးဆပ်ရေး ဆွေးနွေးညှိနှိုင်းပြီးပါက ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၃၀၀) နှစ်စဉ်ချေးယူနိုင်မည်။

0 comments: