စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 18, 2012

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ ဘာဂင်မြို့ Rafto အဖွဲ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးကို မနေ့က တက်ရောက်ခဲ့



ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ ဘာဂင်မြို့ Rafto အဖွဲ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးကို မနေ့က တက်ရောက်ခဲ့ပါတယ်။

နော်ဝေနိုင်ငံဟာ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ထွက်ရှိပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ရေနံနဲ့သဘာဝအရင်းအမြစ်တွေ စီမံခန့်ခွဲရာမှာ ပြည်သူလူထုအကျိုးအတွက် တကယ်အကျိုးရှိမယ့် စီမံခန့်ခွဲမှုမျိုးဖြစ်အောင် နည်းလမ်းတွေကို အဲဒီ Rafto အဖွဲ့ရဲ့ အစည်းအဝေးမှာ ကျွမ်းကျင်သူ နော်ဝေပညာရှင်တွေက ဆွေးနွေးခဲ့ကြတယ်
လို့ သိရပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆု မတိုင်ခင် ၁၉၉၀ ခုနှစ်က Rafto အဖွဲ့ဟာ
ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးဆု ချီးမြင့်ခဲ့ဖူးပါတယ်။

မနေ့က အစည်းအဝေးမှာ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေး နဲ့
နော်ဝေနိုင်ငံရဲ့ အကူအညီ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်စီမံသွားမလဲဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေး
တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ပြည်တွင်းစစ် ရပ်စဲပြီး တိုင်းရင်းသားဒုက္ခသည်တွေ
နေရပ်ပြန်လည်နေရာချထားရေး အစီအစဉ်မှာ နော်ဝေက ပေးအပ်တဲ့ အကူအညီ ဒေါ်လာ ၅သန်းကို အသုံးပြုသွားမှာ ဖြစ်ပြီး ၊ ဒုက္ခသည်တွေ
နေရာချထားရာမှာ သောက်သုံးရေ ရရှိရေး နဲ့ ကျမ္မာရေးဆိုင်ရာ ကိစ္စတွေအတွက် အဓိကထား အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဆိုအရ
တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေး နဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေမှာ ပူးပေါင်း ကူညီလာကြလိမ့်မယ်
လို့ ဆိုပါတယ်။ လက်ရှိ အကောင်းဖက်ကို ဦးတည်နေတဲ့ အပြောင်းအလဲတွေ နောက်ကြောင်းပြန်လှည့်မသွားနိုင်အောင် အားလုံးက ၀ိုင်းဝန်းကူညီကြမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

 RFA Burmese

0 comments: