စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, June 19, 2012

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ နဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင် လေးယောက် ကို သက်ဆိုင်ရာက ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ နဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင် လေးယောက် ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ဆူပူမှု နဲ့ အမှုဖွင့်ပြီး စစ်တွေထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

အခု ဖမ်းဆီးခံထားရသူတွေဟာ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခြင်း
မရှိဘဲ ဆူပူမှုကို တားဆီးခဲ့သူတွေသာဖြစ်တယ်လို့ RNDP ပါတီ ပြောခွင့် ရသူ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

"စစ်တွေ ရဲစခန်းမှာ ဖြစ်တဲ့ ပြဿနာမှာ ကျနော်တို့ ပါတီက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ရုန်းရင်းဆန်ခတ် ဖြစ်မှာစိုးလို့ လူထုရဲ့ ရဲတွေကြားမှာ ကျနော်တို့က ၀င်ပြီးတော့ ဖြန်ဖြေပေးတယ်။ ပထမတော့ ဖြန်ဖြေတယ်။ နောက်ပိုင်းမှာ လူထုကို ထိမ်းလို့ မနိုင်တော့ ကျနော်တို့ပါတီက လူတွေက လွှတ်ပေးလိုက်တယ်။ အဲဒီမှာ ခဲနဲ့ ပေါက်တာတွေ ဖြစ်သွားတယ်။ ကျနော်တို့ လူတွေက စခန်းထဲဝင်နေတာလည်း ရှိတယ်။ အပြင်ထွက်လာတဲ့ သူတွေလည်း ရှိတယ်။ အဲဒါကို ဓာတ်ပုံမှာ မြင်ပြီးတော့ ဒီလူတွေက ရုန်းရင်းဆန်ခတ်ကို ဖန်တီးတဲ့သူတွေ ဆိုပြီးတော့ အဲဒီလို ထင်ကြေးတဲ့ ဖမ်းတဲ့ဟာ။ တကယ်တန်းကျတော့ ဒီလူတွေက ရဲစခန်းကို ကာဗာပေးတဲ့လူတွေဆိုတာ ပြည်နယ်အစိုးရ ကလည်း သိတယ်။ ရဲစခန်းတာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း သိတယ်။"

အဲဒီ RNDP ပါတီဝင် ၄ ဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးသွားတာဖြစ်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ပထမ ထိန်းသိမ်းထားခဲ့ပြီးနောက် စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ ဖမ်းဆီးခံရသူ ၉ ဦးရှိနေပြီး ကျောက်တော်မြို့မှာ ၁၁ ဦးရှိကြောင်း သိရပါတယ်။

RFA Burmese
 

0 comments: