စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 18, 2012

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ရှမ်းပြည် မြောက်ပိုင်းတပ်မတော်နဲ့ မိုင်းရှုးမြို့နယ်မှာ အခြေစိုက်တဲ့ အစိုးရတပ်ဖွဲ့တွေဟာ မနေ့ညနေပိုင်းမှာ ၄ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့



အစိုးရနဲ့အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ရှမ်းပြည် မြောက်ပိုင်းတပ်မတော်နဲ့ မိုင်းရှုးမြို့နယ်မှာ အခြေစိုက်တဲ့ အစိုးရတပ်ဖွဲ့တွေဟာ မနေ့ညနေပိုင်းမှာ ၄ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး
နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့နယ်မြောက်ဖက် မိုင်းအွတ်ရွာအနီးက SSA မြောက်ပိုင်း တပ်ဖွဲ့ရဲ့ တပ်မဟာ ၃၆ လက်အောက်ခံ တပ်စခန်း တခုဖြစ်တဲ့ ၇ မိုင်တပ် စခန်းမှာ ဇွန်လ ၁၇ ရက် ညနေ ၃ နာရီက နှစ်ဖက်တိုက်ခိုက်ခဲ့ကြတာလို့ SSA မြောက်ပိုင်း တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ဖြစ်ပုံက ကျနော်တို့ စခန်းချတဲ့နေရာပေါ့၊ တန့်ယန်းနဲ့ မိုင်းရှုး ကားလမ်းပေါ်မှာ ၇ မိုင်စခန်းကိုပေါ့၊ သူတို့က ကားလမ်းအတိုင်း မိုင်းအွတ်ကနေ ကျနော်တို့ဘက်ကို ဦးတည်လာတော့ ကျနော်တို့လည်း သူတို့ လာမှန်းသိတော့ ရွာသားတွေကို ကျနော်တို့ တပ်တွေရှိတယ။် အဲ့ဒီဘက် မလာဖို့ သွားပြီးတော့ သတင်းပို့ခိုင်းတယ်လေ၊ အဲ့ဒါ သူတို့ စွတ်လာတော့ ပက်ပင်းတိုးပြီးတော့ တိုက်ပွဲဖြစ်ကြတာ၊ သူတို့ဘက်တော့ ၅ ယောက်ကျသွားတယ်လို့ ကြားရတာပဲ၊ ကျနော်တို့ဘက်ကတော့ တစ်ယောက် နှစ်ယောက်တော့ ဒဏ်ရာရတယ်လေ။"

အစိုးရဖက်က ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ တပ်တွေကတော့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းရှုးမြို့နယ် ခိုလမ်ဗျူဟာတပ်တွေဖြစ်တဲ့ ခမရ ၁၅၇ နဲ့ ခမရ ၁၅၆ တပ်ရင်း ၂ ရင်း က လှုပ်ရှားစစ်ကြောင်း တပ်တွေနဲ့ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း SSA မြောက်ပိုင်းနယ်မြေအတွင်းမှာ အခုတစ်ကြိမ်နဲ့ပါဆိုရင် တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေနဲ့ လုပ်ငန်းအကောင်အထည် ဖော်မှုတွေ ကွဲလွဲနေတယ်လို့ ဗိုလ်မှူး စိုင်းလ က ဆက်ပြောပါတယ်။

"သူတို့ပြောတာတော့ သူတို့စစ်ဆင်ရေးလမ်းကြောင်းမှာ ကျနော်တို့ တပ်တွေ ရှိနေလို့တဲ့၊ ကျနော်တို့လည်း ပြောချင်တာကတော့ ကျနော်တို့နယ်မြေမှာ ဘာစစ်ဆင်ရေး လုပ်စရာမလိုတော့ဘူးလေ နော်၊ ပြီးတော့ ကျနော်တို့ သဘောတူညီချက်ထဲမှာ ကျနော်တို့ရောက်ရှိတဲ့နေရာမှာ ကျနော်တို့ ဖြန့်ခွဲယာယီနေထားဖို့ သဘောတူညီချက် ရထားတယ်လေ၊ နောက်တခုက အဲ့ဒီနယ်မြေက ကျနော်တို့ ရှိရင်းစွဲနယ်မြေပေါ့ ကျနော်တို့ အမြဲတမ်းလှုပ်ရှားနေတဲ့ နယ်မြေပဲလေ။ ပြီးတော့ အဲ့ဒီတိုက်ပွဲဖြစ်တဲ့ စခန်းကလည်း တရားဝင် အကြောင်းကြားပြီး နေခဲ့တာပဲ။ ပြောချင်တာတော့ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ သွားနေတဲ့အချိန်မှာ ဒီလို တပ်နဲ့ တိုက်ပွဲဖြစ်တာမျိုးတော့ ကောင်းတဲ့အခြေအနေတော့ မဟုတ်ဘူးပေါ့။ လက်မှတ်ထိုးတုန်းကတော့ တမျိုး။ သူတို့အကောင်အထည်ဖော်တဲ့ လုပ်ရပ်တွေက တခြားစီဖြစ်နေတယ်လေ။"

ဒီကနေ့မနက်မှာတော့ တိုက်ပွဲဖြစ်ပွားရာနေရာကို ခိုလမ်အခြေစိုက် စစ်ဗျူဟာမှူးက လာရောက်ကြည့်ရှု့မယ် ဆိုတာကြောင့် ပစ်ခတ်မှုတွေ ထပ်မံမဖြစ်ပွားအောင် SSA မြောက်ပိုင်းတပ်တွေက စခန်းကနေ အနည်းငယ် ဆုတ်ခွာပေးခဲ့တယ်လို့ ပြောပါတယ်။

SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ ဇန္န၀ါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့မှာ အပြစ်အခတ်ရပ်စဲရေးအပါအ၀င် အချက် ၅ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

အလားတူ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်အတွင်းက SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ အခြေစိုက်တပ်စခန်း တစ်ခုကိုလည်း ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ က ခလရ ၆၅ နဲ့ ခလရ ၂၂၅ တပ်တွေပါတဲ့ ပူးတွဲလှုပ်ရှားစစ်ကြောင်းက ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်စီးခံခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

RFA Burmese
 

0 comments: