စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 3, 2012

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဟာ ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ရာမှာ အဓိကရာဇ၀တ်မှုဖြစ်ပွားခဲ့တဲ့ ကျောက်နီမော်ကျေးရွာကို မနေ့က သွားရောက်ခဲ့



(Photo: 88 Generation Student- သြဂုတ်လ၊ ၂ ရက် မှာ ရမ်းဗြဲမြို့မှ ကျောက်နီမော်ဒေသသို့ ထွက်ခွာသွားခဲ့ကြသော ၈၈ မျိုးဆက်ကျောင်းသားများသည် ကျောက်နီမော်ကျေးရွာအုပ်စုရှိ ကျောက်ထရံ ၊ တောင်ပိုင်း ၊ ရခိုင်စု ၊ မြောက်ပိုင်း စသည့် ကျေးရွာများသို့ ရောက်ရှိခဲ့ကြပြီး
ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။)

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ
ဟာ ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ရာမှာ အဓိကရာဇ၀တ်မှုဖြစ်ပွားခဲ့တဲ့ ကျောက်နီမော်ကျေးရွာကို မနေ့က သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာသပြေချောင် ကျေးရွာက
မသီတာထွေး မိသားစု နေအိမ်ကို သွားရောက်ပြီး မိသားစုကို တွေ့ဆုံခဲ့သလို
ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး လူမှုရေးအကူညီအတွေ ပေးအပ်ခဲ့တယ်လို့ ကိုကိုကြီးကပြောပါတယ်။

ဒါ့အပြင် ကမန်တိုင်းရင်းသားအများစု နေထိုင်ရာ ကျေးရွာတွေကို
ရောက်ရှိခဲ့ပြီး ဒေသခံ အစ္စလာမ်ဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေနဲ့
တွေ့ဆုံခဲ့သလို ဒေသတွင်း လူမှုရေးပဋိက္ခတွေ ထပ်ပြီးမဖြစ်ပွားဖို့
ဟောပြောဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ရမ်းဗြဲမြို့က ပဋိပက္ခဖြစ်ပွားခဲ့ရာနေရာတွေကို သွားရောက်ခဲ့ပြီး
ဒေသခံ မြို့မိမြို့ဖတွေ ၊ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံကာ ဒုက္ခသည်တွေ
အတွက် အလှုငွေတွေ နဲ့ ဆေးဝါးတွေ လှုဒါန်းခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့မှာ ကျောက်ဖြူမြို့
ကိုရောက်ရှိနေပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့သလို ကျောက်ဖြူရေနက်
ဆိပ်ကမ်းကို သွားရောက် ကြည့်ရှုလေ့လာခဲ့ပါတယ်။

အခု ရခိုင်ပြည်နယ် ခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့အတူ ကိုဇော်ဇော်မင်း ၊ မနီလာသိန်း နဲ့ မမီးမီးတို့ လိုက်ပါသွားကြပါတယ်။

RFA

0 comments: