စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 3, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ရေးတဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” စာအုပ် မိတ်ဆက်ပွဲ




၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ရေးတဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” စာအုပ် မိတ်ဆက်ပွဲနဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့မြေနီကုန်းရှိ ဒဂုန်စင်တာ 2 မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားမှာ စာရေးဆရာဖေမြင့်၊ အယ်ဒီတာ
ဇော်သက်ထွေး နဲ့ ဒါရိုက်တာ ကြည်ဖြူရှင် တို့က ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ဝတ္ထုအပေါ် သူတို့ရဲ့ အမြင် သဘောထားတွေ၊ အကဲ ဖြတ်ချက်တွေကို ပြောဆိုခဲ့ကြပါတယ်။

ဒီ “မိုးကောင်းကင်၌တိမ်တိုက်များ” စာအုပ်ဟာ ထောင်ထဲမှာရေးတဲ့ စာအုပ်ဖြစ်ပေမယ့် ထောင်အကြောင်း တခုထဲကို ရေးထားတဲ့စာအုပ် မဟုတ်တဲ့အကြောင်း ကိုမြအေးက ပြောပါတယ်။

“မိုးကောင်းကင်၌တိမ်တိုက်များ” မိတ်ဆက်ပွဲနဲ့ လက်မှတ်ရေးထိုးပွဲ
အခမ်းအနားကို စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊
ကျောင်းသားတွေနဲ့ စာဖတ်ပရိတ်သတ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီစာအုပ်ကို ဒါရိုက်တာကြည်ဖြူရှင်က ရုပ်ရှင်ရိုက်ကူးဖို့ ဝယ်ယူထားတယ်လို့ သိရပါတယ်။

0 comments: