စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 11, 2012

ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် တရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့အပေါ် ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က တရားစီရင်မှုဟာ တရားမျှတမှု မရှိကြောင်း ကြေငြာချက် ထုတ်ပြန်




၂၀၁၀ သင်္ကြန်အတွင်းက ရန်ကုန်မြို့ X2O ရေကစားမဏ္ဍပ် ဗုံးကွဲမှု ဖြစ်စဉ် နဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိမ်းသိန်းထားတဲ့ ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် တရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့အပေါ် ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က တရားစီရင်မှုဟာ တရားမျှတမှု မရှိကြောင်း ဒီကနေ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး တရားစီရင်မှုဟာ အရင်စစ်အစိုးရ လက်ထက်ကလိုပဲ တရားမျှတမှု မရှိတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဒီအမှုကို ပြန်လည်စိစစ်ဖို့ နဲ့ ကိုဖြိုးဝေအောင် လွတ်မြောက်လာအောင်
ပြင်ပအဖွဲ့အစည်းတွေ အနေနဲ့ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ အာရှ လူ့အခွင့်အရေး
ကော်မရှင် AHRC အနေနဲ့ တောင်းဆိုကြောင်း ကြေငြာချက်မှာ
ဖေါ်ပြထားပါတယ်။

၂၀၁၀ ခုနှစ် ဧပြီလ ၁၅ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာ ရှိတဲ့ X2O မဏ္ဍပ်မှာ ဗုံးတွေ ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀ ဦးသေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ပါတယ်။

ဒီဖေါက်ခွဲမှုရဲ့ တရားခံဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အဲဒီအချိန်က ရဲချုပ်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောခဲ့ပါတယ်။

ဒီကိစ္စဖြစ်အောင် ကိုဖြိုးဝေအောင်က ကူညီပံ့ပိုးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ သူ့ကို ဖမ်းဆီးထောင်ချခဲ့ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က အင်းစိန်ထောင် တရားရုံးက အမှု ၄ မှုကို တပေါင်းတည်း ကျခံစေဆိုပြီး သေဒဏ် ချမှတ်ခဲ့တာလို့ ရှေ့နေဖြစ်သူ ဦးကျော်ဟိုးက RFA ကို ပြောပါတယ်။

RFA

0 comments: