စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 21, 2012

 သင်္ဘောသား ဖြစ်ခွင့်အတွက် ဖြေဆိုရသည့် အင်္ဂလိပ်စာ အရည်အချင်းစစ် BEST စာမေးပွဲစနစ်အား ရုတ်သိမ်း

သင်္ဘောသားဖြစ်ခွင့်အတွက် ဖြေဆိုရသည့် အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲ BEST စာမေးပွဲစနစ် အား မေလ ၁ ရက်နေ့မှစတင် ရုတ်သိမ်းခဲ့ကြောင်းလည်း သတင်းရရှိပါသည်။

ယခင်က သင်္ဘောသားဖြစ်ခွင့် ရရန်အတွက် Basic Safety Training (BST) သင်တန်းများ တက်ရောက်ခွင့်ရရန် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ စစ်ဆေးခဲ့သည်။

“အရင်က အင်္ဂလိပ်စာအရည် အချင်းစစ်စာမေးပွဲ ဖြေဆိုပြီးမှ(BST) သင်တန်းတွေ တက်ရတဲ့စနစ်ဖြစ်တယ်။ (BEST)စာမေးပွဲစနစ်က အနုတ်စနစ် နဲ့စစ်ဆေးတာမို့ အောင်ဖို့ခက်တယ်။ အခုတော့ ဒီစနစ်မရှိတော့ဘူး ဆိုတော့ သင်္ဘောသားဖြစ်ခွင့်ရဖို့ အခွင့်အရေးတွေ ပိုရလာနိုင်မှာပါ”ဟု မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ် မှ ကျောင်းအုပ်ကြီးက မေလ ၁၄ ရက် နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သင်္ဘောသား အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်နှင့် ယခုကဲ့သို့ (BEST) အား စတင်ဖြေဆိုပြီး လိုအပ်သည့်သင်တန်းများ တက်ရောက်ကာ (CDC)ရရှိရန် ဆောင်ရွက်ပြီးမှ သင်္ဘောတက်ခြင်းစသည့် နည်းလမ်းများအား ရွေးချယ်နိုင်သည် ဟုလည်း သိရှိရပါသည်။

ယင်းနည်းလမ်း သုံးခုတွင်(BEST) အား စတင်ဖြေဆိုပြီး သင်္ဘောတက်ခြင်းသည် အချိန်ကာလ အနည်းငယ် အတွင်းသင်္ဘောသား လက်မှတ်(ဃီဃ) ရရှိနိုင်ခြင်း၊ ဘွဲ့ရရှိရန် မလိုအပ်ခြင်း၊ ငွေကြေးရင်းနှီးနိုင်မည် ဆိုပါက လျင်မြန်စွာ သင်္ဘောတက်နိုင်ခြင်းကြောင့် လူငယ်အများစု စိတ်ဝင်စားခဲ့ကြကြောင်း သိရပါသည်။


Eleven Media Group

0 comments: