စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 7, 2012

လှိုင်မြို့နယ်က စွန့်ပစ်ဓာတုရေဆိုးပြဿနာ








လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊(၁၃)ရပ်ကွက်၊မဟာဆွေလမ်းမကြီးအနောက်ဘက်ခြမ်းနှင့် လမ်းသွယ်များတွင် စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့် အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်များကြောင့် နွေရောမိုးပါ ရေ၀ပ်နေသဖြင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေး ကိုဆိုးရွားစွာထိခိုက်ပြီး၊ ယင်းဓာတုစွန့်ပစ် ရေ ၏အငွေ့ကြောင့် နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊အီလက်ထရွန်းနစ်ပစ္စည်းများ ပျက်စီးလွယ်ခြင်းတို့ကို ကြုံတွေ့နေရပါသည်။

ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ ၂၄နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊ သီရိမြိုင်လမ်းမကြီးနှင့်အုတ်ကျင်းဘူတာရုံ လမ်းထောင့်ရှိ ရေသန့်စက်ရုံ မှ စွန့်ထုတ်သောရေဆိုးများကို ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှု မရှိခြင်း ၊ရပ်ကွက်အတွင်းစနစ်ကျသောရေထုတ်ရေနှုတ်မြောင်းများမရှိခြင်း၊ကွန်ကရစ်လမ်းများခင်းထားသောကြောင့်
ရေထွက်ပေါက်များ ပိတ်ဆို့ သွားခြင်း၊စသည် အကြောင်းတို့ကြောင့် စွန့်ပစ်ရေဆိုးများသည် အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ ၀င်ရောက်ပြီး ဆယ်နှစ်ရာသီရေ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ ရေလွှမ်းမိုးလျက် ရှိနေပါသည်။

ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏ ဓာတုဆေးအနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသောကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကို သောက်သုံးနေရခြင်း၊နေအိမ်အမိုးအကာ သွပ်များ၊ဒန်အိုးဒန်ခွက်များ၊ပေါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ် စက်ပစ္စည်းများမကြာခဏပျက်စီးခြင်း စသည် ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤဖြစ်ရပ်မှန်များကို မြို့နယ်စည်ပင်သို့၎င်း၊ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများထံသို့၎င်း၊ လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် သို့၎င်း၊တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် မြို့တော်ဝန်ထံသို့၎င်း၊အကြိမ်ကြိမ်တင်ပြခဲ့ သော်လည်း ယနေ့ထက်တိုင် အရေးယူဆောင်ရွက်ပေးခြင်းမရှိပဲ အထက်ပါဒုက္ခများကို ခံစားနေရဆဲဖြစ်ကြောင်း ရပ်ကွက်ပြည်သူများမှ ရင်ဖွင့်ကြပါသည်။

Ko Win Naing

0 comments: