၁.၅.၂၀၁၂ရက်နေ့၊
အင်္ဂါနေ့၊မေဒေးနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့
“၈၈” မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ကိုကိုကြီး၊
ကိုဂျင်မီ၊ကိုကျော်ဇေယျ၊ကိုထွန်းမြင့်အောင်၊ကိုပဏ္ဍိထွန်း၊ကိုဗသက်အောင်၊
မသက်သက်အောင်၊မမီးမီး၊မယုယုလှိုင်၊မနီလာသိန်း၊
မမာမာဦး၊မခင်မိုးအေးတို့အပါအ၀င် “၈၈” အခြားကျောင်းသားတို့သည်
နံနက် ၁၀း၀၀ ခန့်တွင်ရောက်ရှိလာပါတယ်။
ရပ်စောက်မြို့မှ မင်္ဂလာရန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်တွင်
ပြည်သူလူထုများနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါပြီး၊ နေ့လည်ခင်း
၂း၃၀ နာရီခန့်တွင် မြို့နယ်N L D ရုံးသို့သွားရောက်ကာ ပါတီဝင်
လူကြီး၊လူငယ်များနှင့် မိတ်ဆက်အမှာစကားများပြောကြားခဲ့ပါတယ်။
ရုံးမှပြန်လည်ထွက်ခွာရန် အပြင်သို့ထွက်ရောက်ချိန်တွင် မြို့ခံပြည်သူ
လူထုမှတောင်းဆိုသဖြင့် ၁၅ မိနစ်ခန့်နှုတ်ဆက်အမှာစကားများပြောကြားပြီး
တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာသွားကြပါတယ်။
Myanmar News Now
0 comments:
Post a Comment