စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 9, 2012

လှိုင်သာယာ စက်မှုဇုန် ဆံပင်တုစက်ရုံ သပိတ်




ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံအမှတ် (၄) မှာရှိတဲ့ Hi - Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားတွေက အခြေခံလုပ်ခလစာတိုးပေးဖို့နဲ့ အခြားအလုပ်သမားရပိုင်ခွင့်တွေ ရရှိဖို့ အတွက် ဒီနေ့ဆန္ဒပြခဲ့ကြတယ်။

Hi - Mo High-Art စက်ရုံမှာ အလုပ်သမား ၁၈၀၀ ကျော်လောက်ရှိနေပြီး၊ ပိုင်ရှင်ကကိုရီးယားလူမျိုးတဦးဖြစ်သလို၊ပိုင်ရှင်အစားအမည်ခံထားသူက မြန်မာနိုင်ငံသားတဦးဖြစ်တယ်လို့
ဆိုပါတယ်။

စက်ရုံမှာ နှစ်ရှည်အလုပ်သမားတွေကိုသာ အခြေခံလုပ်ခလစာ ၁ သောင်းကျော်ပေးပြီး၊ ကျန်အလုပ်သမားတွေက ၈ ထောင်နဲ့ ၉ ထောင်လောက်ပဲရကြတယ်လို့ အလုပ်သမားတွေ ကပြောပါတယ်။

ဒါ့အပြင်အလုပ်သမားတွေနေထိုင်ရတဲ့အဆောင်၊စားသောက်ရတဲ့အစားအစာ တွေကလဲညံ့ဖျင်းလွန်းတဲ့အပြင်
 နေရပ်ပြန်ဖို့ခွင့်ရက်ရှည်မပေးတဲ့ကိစ္စတွေလဲ တောင်းဆိုထား တယ်လို့ဆိုပါတယ်။

ဒီကိစ္စတွေကိုဖြေရှင်းပေးဖို့ လှိုင်သာယာအလုပ်သမားရုံးက လက်မခံတဲ့အတွက် မရမ်းကုန်းမြို့နယ် ၈ မိုင် လမ်းဆုံနားမှာရှိတဲ့ အလုပ်သမားပြသနာဖြေရှင်းရေးရုံးမှာ သွားရောက် တိုင်ကြားကြတယ်လို့လဲ သိရပါတယ်။

RFA Burmese
 

0 comments: