စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 10, 2012

တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိကြောင်း သတင်းထွက်ပေါ်




တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ မကြာမီ လာရောက်လည်ပတ်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် သံရုံးမှ တာဝန်ရှိသူတစ်ဦးက ခရီးစဉ်နှင့်ပတ်သက်၍ ယခုထိ မသိသေးဟု မေလ ၈ ရက်နေ့က ဖြေကြားခဲ့သည်။

သို့ရာတွင် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သတင်းရယူမည့် အစိုးရသတင်းမီဒီယာများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်းသိရပြီး ခရီးစဉ်အတွက်လည်း လုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း လုံခြုံရေး ဆောင်ရွက်မည့် လုံခြုံရေးအသိုင်းအ၀ိုင်းမှ သိရသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ဖွယ်ရှိကြောင်း ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဖွယ်ရှိကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း သိရသည်။

၁၉၈၅ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတစ်ဦးသည် မြန်မာနိုင်ငံသို့ မေလ ပထမပတ်က နှစ်ရက်ကြာခရီးအဖြစ် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

Eleven Media Group

0 comments: