စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 21, 2012

အလုပ်သမားပြဿနာဖြေရှင်းရေးကော်မတီဖွဲ့ ဖို့ ၈၈ မျိုးဆက် ကျောင်းသားများတောင်းဆို




လက်ရှိဖြစ်ပေါ်နေတဲ့အလုပ်သမားရေးပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက်နိင်ငံတော်အစိုးရ
အနေနဲ့အလုပ်ရှင်အလုပ်သမားပဋိပက္ခဖြေရှင်းရေး ကော်မတီတစ်ရပ်အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်ပေးဖို့
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကိုမင်းကိုနိုင်၊ကိုဌေးကြွယ်၊ကိုမြအေး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ လှိုင်သာယာမြို့နယ် ဆန္ဒပြစက်ရုံတွေက အလုပ်အမားတွေနဲ့ တွေ့ဆုံပြီးနောက် အလုပ်သမားတွေ ရဲ့အခွင့်အရေးအတွက် အခုလိုတောင်းဆိုလိုက်တာပါ။

၈၈မျိုးဆက် ကျောင်းသားများအနေနဲ့အလုပ်သမားပဋိပက္ခဖြေရှင်းရေး ကော်မတီတစ်ရပ်ပေါ်ပေါက်ရေး
အတွက်သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအသီးသီးကိုတင်ပြတောင်းဆိုသွားမယ်လို့လဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့လဲမိမိတို့ရပိုင်ခွင့်တွေအတွက် တောင်းဆိုရာမှာအကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့
ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့တိုက်တွန်းခဲ့တယ်လို့လဲ ဆိုပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့နဲ့အတူ၊ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး၊ဗမာနိုင်ငံလုံးဆိုင်
ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး Generation Wave စတဲ့ အဖွဲ့အစည်းအသီးသီးကလူငယ်အဖွဲ့ဝင်တွေလဲ ဆန္ဒပြအလုပ်သမားတွေ နဲ့ တွေ့ဆုံပြီးအလုပ်သမားအခွင့်အရေးအတွက်ကူညီတိုက်တွန်း တောင်းဆိုသွားမှာဖြစ်ကြောင်းပြောကြားခဲ့
တယ်လို့ သိရပါတယ်။

လှိုင်သာယာစက်မှုဇုန်စက်ရုံ၆ရုံကအလုပ်သမားတွေဟာအခြေခံလုပ်ခလစာတိုးမြှင့်ရေးအတွက်
ပြီးခဲ့တဲ့သီတင်းပတ်တွေကစပြီး နေ့စဉ်လိုဆန္ဒပြတောင်းဆိုနေခဲ့ကြပါတယ်။

အလုပ်ရှင်နဲ့အလုပ်သမားတွေကြားအလုပ်သမားရေးဝန်ကြီးဌာနက ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ခဲ့ပေမဲ့ ပြေလည်မှုမရရှိသေးပါဘူး။

0 comments: