စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

သမ္မတကြီးဦးသိန်းစိန်ခင်ဗျား..




သမ္မတကြီးဦးသိန်းစိန်ခင်ဗျား..

မြန်မာနိုင်ငံရှိ သန်းငါးဆယ်ကျော်သောပြည်သူများထဲတွင် အများစုမှာ တောနေ၊ မြို့ပြပတ်ဝန်းကျင်ရှိ အခြေခံလူတန်းစားများ ဖြစ်ကြပါသည်..။ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပေးထားနိုင်သော ဒေသများမှာ နိုင်ငံတစ်ခုလုံး၏ ၂၂ ရာခိုင်နှုန်းရှိသည်ဟု လျှပ်စစ် (၂) ၀န်ကြီးဦးခင်မောင်စိုး၏ လွှတ်တော်တွင်ပြောကြားချက်အရ သိရဖူးပါသည်..။

ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားသက်ရောက်သည့် (မီးကြိုးသွယ်တန်းထားသောသည့်) နိုင်ငံ၏ ငါးပုံ တစ်ပုံခန့် ကိုတောင်မှ (၂၄) နာရီအပြည့် လျှပ်စစ်မီး မှန်အောင်မပေးနိုင်ခဲ့ခြင်း၊

လျှပ်စစ် (၁) ၀န်ကြီးဌာန၏ ဓာတ်အားထုတ်လုပ်ရောင်းစားမှုများ။

နှစ်ပေါင်းများစွာ လျှပ်စစ်မီးကို ပြတ်တောက်မှုအခက်အခဲများကို ရင်ဆိုင်နေခဲ့ရသော်လည်း ကြိုတင်ပြင်ဆင်မှု Plan B မရှိသောလျှပ်စစ် (၂) ၀န်ကြီးဌာန၏ ဓာတ်အားစီမံခန့်ခွဲဖြန့်ဖြူးမှု စီမံခန့်ခွဲမှုများ..။

ယခင်လျှပ်စစ်(၂) ၀န်ကြီးလက်ထက် (၂၀၁၀ ရွေးကောက်ပွဲကာလမှစတင်ကာ ) မနှစ်ကတုန်းက ယခုထက် မီးမှန်ခဲ့သော်လည်း ယခုဝန်ကြီးပြောင်းသွားသည့်အချိန် (၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးပြီးချင်း) မျက်လှည့်ပြလိုက်သလို ဓာတ်အားသုံးစွဲသူတိုးပွားလာသည်ဟုသော ခေါင်းစဉ်ဖြင့် မီးအလှည့်ကျပြန်ပေးခြင်းမှာ.. စီမံခန့်ခွဲမှု ကြောင့် သို့မဟုတ် အခြားပြဿနာလော...

စသည်တို့ကို သမ္မတကြီးအနေဖြင့် ပြန်လည်သုံးသပ် အရေးယူဆောင်ရွက်သင့်ပါသည်..။

ထို့အပြင် နေပြည်တော်မြို့ ဆင်ခြေဖုံးရှိ လူမရှိသလောက်ဖြစ်နေသော ရပ်ကွက်သစ်၊ မြို့သစ်များ၊ ၀န်ထမ်းအိမ်ရာသစ်များနှင့် ပိတ်ချိန်ဖြစ်သောလည်း အတွင်းအပြင် မီးများထိန်ထန်းလင်းနေအောင် ပေးထားသည့် တပ်မတော်စစ်သမိုင်းပြတိုက်အပါအ၀င် အရေးမကြီးသည့် စစ်ဖက်ဆိုင်ရာ၊ ဌာနဆိုင်ရာ အဆောက်အဦးများကို ကို မည်သည့်အတွက်ကြောင့် မြို့နယ်တစ်မြို့စာမက လမ်းမီးများထိန်လင်းနေအောင် ထွန်းညှိပေးနေရသည်၊ ကိုလည်း လျှပ်စစ်ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအား သမ္မတကြီးမှတစ်ဆင့် မေးမြန်းလိုပါသည်..။

လျှပ်စစ်မီးမလာခြင်းကြောင့်....
ပြည်သူတွေများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရး ကဏ္ဍများတွင် သိသိသာသာ နစ်နာဆုံးရှူံးမှုများ ရှိနေပါသည်..။ ထို့ကဲ့သို့သော အဆင်မပြေမှုများဖြစ်ပေါ်လာသည်နှင့် အမျှ ၄င်းတို့၏ဒုက္ခများကို သိရှိစေရန်အလို့ငှာ ခွင့်ပြုချက်မရသော်လည်း လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြပါသည်..။ နိုင်ငံရေးပြဿနာမဟုတ်သော်လည်း ထိုကဲ့သို့ဖော်ထုတ်ရာကတစ်ဆင့် ပိုမိုကျယ်ပြန့်ပေါက်ကွဲလာကာ နိုင်ငံတ၀န်းလုံး ပျံနှံ့ပေါက်ကွဲသွားပြီး တစ်ဖက်ရှိ နိုင်ငံရေးလုပ်စားသမားများနှင့် တခြားတစ်ဖက်ရှိ အရှေ့ကိုလျှောက်ရမှာ စိုးကြောက်နေသူများ၏ လုပ်စားခွင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ၀င်ရောက်သွားနိုင်သည်ကိုလည်း သမ္မတကြီး တွက်ဆမိပြီး ဖြစ်ပါလိမ့်မည်.

ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးအခြေခံအဆောက်အအုံထဲတွင် ပါဝင်နေသော လျှပ်စစ်မီးပြဿနာကို သမ္မတကြီးအနေဖြင့် အထူးသတိထားစီမံဆောင်ရွက်ပေးပါရန်နှင့် ပြည်သူများအတွက် အသက်တမျှအရေးကြီးသော လျှပ်စစ်မီးကိစ္စအား

သတင်းစာထဲတွင် တုတ်တုတ်ချင်း၊ ဓားဓားချင်း ဟုသော လူမိုက်ဆန်ဆန် ရှင်းလင်းမှုမျိုး၊
ငါ့လောက်သိတာ ဒီနိုင်ငံမှာ ဘယ်သူ့မှမရှိဘူးဟုသော ဆိုက်ကားသမားဆန်ဆန် ရှင်းလင်းတင်ပြမှုမျိုး၊
ငါတို့ပေးရင်ရမှာပဲ ... ဓာတ်အားမရှိလို့ မပေးတာ ငါတို့လည်း ဘာမှမတတ်နိုင်ဘူးဟုသော ယူထားသည့်ရာထူးနှင့် မတန်သည့် တာဝန်မယူနိုင်သော/ တာဝန်မယူရဲသော အရာရှိမျိုးများအစား

ပညာတတ်၊ ပညာရှင်ဆန်ဆန် ပြည်သူကို စနစ်တကျ သဘာဝကျကျ ရှင်းလင်းပြောပြနိုင်ပြီး စနစ်တကျစီမံခန့်ခွဲဖြေရှင်းပေးနိုင်သော ဆိုင်ရာ လျှပ်စစ် ၀န်ကြီးများကိုသာ လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်ခင်ဗျား..။

(ပွင့်လင်းမြင်သာသော ဒီမိုကရေစီလူ့ဘောင်သို့ လျှောက်လှမ်းနေသော ကာလတွင် ယခုကဲ့သို့အဖြစ်များ ဖြစ်ပွားသည်နှင့် ပြည်သူ့အတွက် ဖြည့်ဆည်းပေးဖို့ တာဝန်ယူထားသော ဆိုင်ရာ ၀န်ကြီးများ ကိုယ့်အပြစ်၊ ကိုယ့်ညံ့ဖျင်းမှုကိုသိကာ မည်ကဲ့သို့ ပြုလုပ်လေ့ရှိသည်ကိုလည်း သမ္မတကြီး သိရှိထားလိမ့်မည်ဟု ယူဆပါသည်..။)

ရန်အောင်..။

0 comments: