စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 7, 2012

နိုင်ငံခြားငွေစာရင်းရှိသူတိုင်း ၂၀၀၇ မိုဒယ် အထက်ကားလွတ်လပ်စွာတင်သွင်းနီုင်




မြန်မာနိုင်ငံသားတိုင်း MFTB၊ MICB နှင့် ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားပြီး၊ ထိုငွေစာရင်းမှာ မိမိတင်သွင်းလိုသော ကားကို ၀ယ်နိုင်သောပမာဏရှိပါက ကားမော်ဒယ် ၂၀၀၇ အထက် ကားများကို (ဘယ်မောင်း၊ ညာမောင်းနှစ်မျိုးစလုံး) ကားတင်သွင်းခွင့်လိုင်စင် မလိုတော့ဘဲ တင်သွင်းနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ဘဏ်စာရင်းတွင် နိုင်ငံခြားငွေ ကားဝယ်ယူနိုင်သောပမာဏ ရှိပါက ပါမစ်မလိုဘဲ ကားစတင်ဝယ်ယူခြင်းကို မေလ ၉ ရက်နေ့မှ စတင်ဆောင်ရွက် နိုင်သည်ဟု ဦးဝင်းမြင့်က ယနေ့ နေပြည်တော်ရှိ ၄င်း၏ ၀န်ကြီးဌာနရုံးတွင် ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ သို့သော် ထိုသို့ ကားတိုက်ရိုက်တင်သွင်းဝယ်ယူသောအခါ LC, TT နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်နိုင်ကြောင်းလည်း
ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထိုအစီအစဉ်ကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံသားများပင် မြန်မာ နိုင်ငံထက် ကားပိုင်ဆိုင်မှုများစွာ မြင့်မားနေပြီး၊ မြန်မာနိုင်ငံသားများ၏ ကားပိုင်ဆိုင်မှု အလွန်နည်းပါးနေသည့်အတွက် ထိုသို့ ခွင့်ပြုခြင်းဖြစ်သည်ဟု ဦးဝင်းမြင့်က ရှင်းပြသည်။ ကားစီးရေတိုးလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုမဆိုးရွားစေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရများနှင့်လည်း ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ထို့အပြင် တက္ကစီ(အငှားယာဉ်) တင်သွင်းလိုသူများကိုလည်း အထက်ပါ သတ်မှတ်ချက်အတိုင်းပင် ခွင့်ပြုမည်ဖြစ်သည်။ သို့သော် တက္ကစီတင်သွင်းလိုသူများမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ခွင့်ပြုချက်လိုကြောင်း သတင်းရရှိသည်။

၂၀၀၇ ခုနှစ်မိုဒယ်အထက် ကားဖြစ်ရမည်ဟု ကန့်သတ်ချက်သာရှိပြီးကား အင်ဂျင်ပါဝါနှင့် ပတ်သက်သည့် ကန့်သတ်ချက် မပါရှိဟုလည်း သိရှိရသည်။

ယခုလောလောဆယ်တွင် ၂၀၀၇ ခုနှစ် မိုဒယ် အထက်ကားတင်သွင်းခွင့်ကို နိုင်ငံခြား အလုပ်သွားရောက်လုပ်ကိုင်သူများနှင့် နိုင်ငံခြား သင်္ဘောသားများအား ချထားပေးလျှက်ရှိသည်။

ယခုသတင်းမထွက်ပေါ်မီ ယခုလ ၄ရက်နေ့ညနေက ကားပါမစ်များ ဖြေလျှော့မှုပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး ကားဈေးကွက်တွင် ဈေးများ သိန်း ၃၀ မှ ၄၀ အထိထိုးကျခဲ့သည်။

ယနေ့နံနက်ပိုင်း ကားတင်သွင်းမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်ဟံသာဝတီကားဈေးကွက်တွင် အရောင်းအ၀ယ်လုံးဝ ငြိမ်လျှက်ရှိကာ ဈေးများပြုတ်ကျနေသည်ဟု ဟံသာဝတီကားဝိုင်းမှကားပွဲစား ဦးသိန်းလွင်က ပြောသည်။

၎င်းက “တိုယိုတာ မတ်တူးရွှေငါး ၂၀၀၁၊ ၂ ခုနှစ် မိုဒယ်ကို အရင် ၃၁၀၊ ၃၂၀ ရောင်းတဲ့ကားကို အခု ၂၅၅ သိန်းကို ၀ယ်မယ့်သူမရှိဖြစ်နေတယ်။ ပါမစ်ဆိုလည်း နငယ် အက္ခရာ ပါမစ် ကို အရင်ရက်က ၁၄၄ သိန်း ၁၄၅ သိန်းရှိတာ ဒီနွေှ့ ၁၁၀ ၊ ၁၁၅ သိန်းတောင် အသည်းအသန်ရောင်းနေရတယ်၊ ၀ယ်မယ့်သူမရှိချင်ဘူး” ဟု YPI သို့ပြောသည်။

0 comments: