စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

မြန်မာအိမ်ဖော်တစ်ဦး စင်ကာပူတွင် တိုက်ပေါ်မှ ပြုတ်ကျသေဆုံး


စင်ကာပူနိုင်ငံ၊ Sembawang အရပ်ရှိ အထပ် ၁၃ ထပ် ရှိ တိုက်တစ်လုံးပေါ်မှ မြန်မာအိမ်ဖော်တစ်ဦး ယမန်နေ့ နံနက် ၆း၂၀ ခန့်က ပြုတ်ကျသေဆုံးခဲ့ကြောင်း the Straits Times‎ သတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။

မိမိကိုယ်ကို Madam Goh ဟုသာ အမည်ဖော်ပြလိုသည့် အိမ်ရှင်အမျိုးသမီး၏ အဆိုအရ အဆိုပါ မြန်မာအိမ်ဖော်သည် နေအိမ်မှ ထွက်ပြေးရန်ကြိုးစားစဉ် မီးဖိုချောင် ပြတင်းပေါက်မှ ပြုတ်ကျခဲ့ခြင်းဟု ယူဆကြောင်း သိရှိရသည်။ အိမ်ရှင်အမျိုးသမီးသည် အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီးအား ပြန်ခေါ်ရန် ပွဲစားအား အကြောင်းကြား ထားခဲ့သည်ဟုလည်း ဆိုခဲ့သည်။

မြန်မာအမျိုးသမီးအား အမှတ် ၄၂၁၊ Canberra လမ်းရှိ အဆိုပါတိုက် အောက်ခြေ၌ မလှုပ်မယှက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများက ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ စင်ကာပူ ရဲတပ်ဖွဲ့က လည်း ယခုဖြစ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အိမ်ရှင်အမျိုးသမီး၏ အဆိုအရ ဤဖြစ်ရပ်မတိုင်မီအထိ သံသယဖြစ်ဖွယ် အကြောင်းအရာ တစ်စုံတစ်ခုမှ သတိထားမိခြင်း မရှိကြောင်း ရဲထံသို့ ထွက်ဆိုခဲ့သည်။ အသက် ၄၀ အရွယ် ကလေး ၃ ဦး၏ အမေဖြစ်သူ အိမ်ရှင်က “ဘာမှ မထူးခြားပါဘူး။ မနေ့ည ၁၀း၃၀ လောက်ကပဲ ကျွန်မတို့ကို မအိပ်ခင်မှာ ကောင်းသောညပါလို့ နှုတ်ဆက်ခဲ့ပါသေးတယ်။” ဟု ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ မြန်မာအမျိုးသမီးသည် အိမ်ဖော်အဖြစ် လုပ်ကိုင်ကာ အိမ်ရှင်အမျိုးသမီး၏ နာမကျန်းဖြစ်နေသော အဖေဖြစ်သူအား ကြည့်ရှုစောင့်ရှောက်ရသည့် တာဝန်ယူထားကြောင်း သိရှိရသည်။

အိမ်ရှင်အမျိုးသမီး၏ အဆိုအရ မြန်မာအိမ်ဖော် အမျိုးသမီးသည် ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိကြောင်း “သန့်ရှင်းရေး လုပ်ခိုင်းလျှင် မကြားချင်ယောင်ဆောင်ပြီး ထွက်သွားတတ်ကြောင်း” ၊ ထို့အတွက်ကြောင့် ပွဲစားဖြစ်သူအား အိမ်ဖော်အသစ်ရှာပေး ရန် ပြောကြားထားကြောင်း၊ အိမ်ဖော်အသစ် မရောက်ရှိမီ တစ်ပတ်ခန့် ဆက်လက်နေထိုင်သွားရန် သဘောတူညီထားကြောင်း သိ ရှိရသည်။

ထို့အပြင် သူမနေဖြင့် အိမ်တံခါးမကြီးနှင့် ဂိတ်တံခါးသော့များ ထားသည့်နေရာကို သိရှိလျက်ဖြင့် ပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေး ရန် ကြိုးပမ်းခဲ့သည်ကို နားမလည်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

0 comments: