စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 9, 2012

Daw Aung San Suu Kyi said about unknow predominate



မသိတရားလွှမ်းမိုးမှုအကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ပြည်သူတွေကို မသိတရားလွှမ်းမိုးအောင်လုပ်တာဟာ မြန်မာနိုင်ငံကို နွံထဲနစ်အောင်လုပ်နေတာဖြစ်တယ်လို့ သူ့အနေနဲ့ မြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။ မေလ ၇ ရက်နေ့ က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် NLD ရုံးခွဲဆိုင်းဘုတ်တင်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုသွားတာဖြစ်ပြီး တဆက်ထဲမှာလည်း ကျောင်းပညာရေးဟာ အရေးကြီး သလို အသက်မွေးဝမ်းကျောင်း ပညာရပ်ဟာလည်း မြန်မာပြည်သူတွေအတွက် ပိုပြီးအရေးကြီး ကြောင်း သူကပြောဆိုခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ်ဆိုတာကိုလည်း သူကထောက်ပြသွားပါတယ်။ ဒီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အဖွဲ့ချုပ် နာယက ဦးတင်ဦး သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် တို့လည်း တက်ရောက် လာခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပြောကြားတဲ့မိန့်ခွန်းတွေကို မိုးရွာနေတဲ့ကြားထဲကပဲ လာရောက်နားထောင်ခဲ့ကြပါတယ်။


Daw Aung San Suu Kyi said about unknow predominate


0 comments: