အလုပ်သမားသမဂ္ဂဖွဲ့စည်းရာမှာ ဖိအားပေးခံရမှုနဲ့ လုပ်ခလစာနည်းပါးမှုတို့ကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က High Art ဆံပင်တု စက်ရုံအလုပ်သမား တွေ မေလ ၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံ အလုပ်သမား ၅၀၀ လောက်ကသာ ဆန္ဒပြခဲ့တာဖြစ်ပြီး အဲဒီလို ဆန္ဒပြချိန်မှာ စက်ရုံအတွင်းမှာရှိတဲ့ အလုပ်သမား ၂၀၀၀ လောက်ကို အပြင်ထွက်လို့မရအောင် စက်ရုံတံခါးကို တာဝန်ရှိသူတွေက ပိတ်လိုက်တယ်လို့သိရပါတယ်။ High Art စက်ရုံနဲ့ ဆန္ဒပြ အလုပ်သမားတွေအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဆန္ဒပြ အလုပ်သမားတွေက လှိုင်သာယာမြို့နယ် အလုပ်သမားရုံးနဲ့ မရမ်းကုန်းမြို့နယ် တိုင်းအလုပ်သမားရုံးတွေကို သွားရောက်ပြီး အကူအညီတောင်းခဲ့ပေမယ့်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိတာကြောင့် အလုပ်သမားတွေဟာ ၈ မိုင် အလုပ်သမားရုံအထိ ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
BurmaVJMedia
0 comments:
Post a Comment