စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, May 20, 2012

NLD ပါတီတရားဝင်မဖြစ်သေးဘူးလား...?


အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် စတင်တည်ထောင်ပြီးအချိန်က စပြီး ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်နိုင်ရန် များစွာသော အဖွဲ့ ဝင်များ ၊ မိသားစုများ ကိုစတေးခံပြီး စစ်အစိုးရ လက်အောက်မှ ပြည်သူလူထုကို ကယ်ထုတ်နိုင်ရန်ကြိုးပမ်းနေသော ပြည်သူ့ရှေ့ဆောင်ပါတီ တခုဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လဲ ပြည့်သူ့ဆန္ဒပြည့် ရွေးချယ်မှု့  ကိုလဲ ရရှိပြီးသားဖြစ်ခဲ့သည် ။ သို့ ရာတွင် ပြည်သူ့ဆန္ဒကို အလေးမထားသော စစ်အာဏာရှင် တစု က ထင်သလို ချယ်လှယ်ပြီး တိုင်းပြည်ကိုဆင်းရဲမွဲတေမှု ပြာပုံအောက်သို့  အရောက်ပို့ဆောင်ခဲ့ပြီး နိုင်ငံတကာမှ အကြွေးပါတ်လည် ၀ိုင်းကာဖြင့် နောက်ဆုံး မြန်မာပြည်အား ဆင်းရဲမွဲတေသော နိုင်ငံအဖြစ် စာသွင်းပေးပါရန် မြန်မာနိုင်ငံကို တချိန်က အုပ်ချုပ်သူ များကိုယ်တိုင်မှ ကုလသမဂ္ဂကိုလျှောက်ထားခဲ့ရပြီး နိုင်ငံတကာမှ ကြွေးမြှီများကို လျှော်ပစ်ရန် မိမိကိုယ်မိမိ ဒေ၀ါလီခံခဲ့ရသော တိုင်းပြည်တခုထိအောင်ဖြစ်ခဲ့သည်။ တိုင်းပြည်ဆင်းရဲလျှင် ပြည်သူအဖို့ ဆိုဖွယ်ရာမရှိပါ။

ထိုထိုသောအခြအနေဆိုးအောက်မှ ပြည်သူလူထုနှင့်တန်းတူရပ်တည်ပြီး ထိုးဖောက်လာသော NLDပါတီကို စစ်အုပ်စုမှချိုးဖျက်ချေမွနိုင်ရန် နည်းအမျိုးမျိုးသုံးပြီး ကြိုးစားခဲ့ကြသည်မှာ နိုင်ငံတကာမှ တားဆီးရသည်အထိ ဖြစ်ခဲ့ပြီးလေပြီ။

ယခုအချိန်သည် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် သော်မှ NLDပါတီနှင့် ညိုနိုင်းဆွေးနွေးမှုများအဆင့်ဆင့် ရယူကာ NLD ပါတီအား လွှတ်တော်ထဲထိအောင်ပင် ခရီးပေါက်အောင် တိုင်းပြည်ကောင်းစားရေးအတွက် ခရီးလမ်းဖောက်လုပ်ခဲ့သည်ကိုလဲ အများသိကြပြီး ဖြစ်သည်။ သို့ သော်ယခုအချိန်ထိအောက်ခြေပါတီဝင်များ ၊ မြို့နယ်လူသစ် လူဟောင်းများကို နယ်မြေအလိုက် SB ၊ စရဖ စသည့် ထောက်လှမ်းရေးများက ဆက်လက် ထောက်လှမ်းသတင်း ရယူခြင်း ၊ စောင့်ကြည့်နေခြင်းများ ဆက်လက်ပြုလုပ်နေခြင်းများ သည် သမ္မတကြီး ကိုယ်တိုင်က NLD ပါတီအား သံသယရှင်းသည်ထိ မယုံကြည်သေးသည့်အတွက် ၊ ဆက်လက်စောင့်ကြည့် ထောက်လှမ်းနေဆဲလား ၊ သို့ မဟုတ် သမ္မတ နောက်ကွယ်မှ အခြားသော အရိုးစွဲနေသေးသော အာဏာရှင် တဦးဦးပေလား ၊ အောက်ခြေမှ ယခင်လို အထက်ဖားအောက်ဖိ လုပ်လိုနေသေးသည့်အတွက် ဆက်လက်စုံစမ်းနေဆဲလား အဘယ့်ကြောင့် ဆိုသည်ကိုတော့ဖြင့် ကာယကံရှင်များ သာသိရှိပေလိမ့်မည် ။

NLDပါတီသည် ယခုအချိန်တွင် အောင်လံတလူလူလွှင့်လာနေသော ဒေါင်းနီတော် တပ်ဦးနှင့် တူပါသည် ။ အရပ်ရှစ်မျက်နှာ ဘယ်ကာမှ ကြည့်ကြည့် အထင်းသားမြင်နိုင်ပါသည် ။ နိုင်ငံတကာသတင်းများ ၊ ပြည်တွင်း ဂျာနယ်များတွင် NLD ပါတီ သတင်းမပါလျှင် သတင်းမပြည့်စုံဟု ဆိုရမလောက်ပင် ၊ ပါတီ၏ လှုပ်ရှားမှုများ ၊ ဆောင်ရွက်မှုများ ၊ ဧည့်သည်တော်များနှင့် တွေ့ ဆုံမှုများကို ခိုးကြောင်ခိုးဝှက်မပြုခဲ့ ။

သတင်းစာရှင်းလင်းပွဲများ ၊ ပါတီမှ ထုတ်ဝေသောဂျာနယ်များ မှ ပြည်သူသို့  သံသယကင်းစွာဖြင့် ကြော်ငြာမောင်းခတ်နေခဲ့သည် ဟုဆိုရမည်ဖြစ်သည်။ သို့ သော် ယခင်ကာလများဆီမှာကဲ့သို့  ယခုတိုင် ပါတီ၏ စည်းရုံးမှုများ ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို သံသယပေါင်းများဖြင့် ဆက်လက်ထောက်လှမ်း စောင့်ကြည့်နေခြင်း သည် မသင့်တော်ဟုထင်မြင်မိပါသည်။ ဒါသည်ကိုလည်း NLDပါတီမှ မသိ၍မဟုတ် NLD ပါတီအားတဖက်အာဏာပိုင်များနှင့်ပေါင်းကာ တချိန်က သတင်းပေးသတင်းယူလုပ်ခဲ့သူများသည်ပင်လျှင် အမြင်မှန်ရှုတတ်လာကာ သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် တချိန်က ပြုလုပ်မိခဲ့သည်များကို ၀န်ချတောင်းပန် ကာပါတီဝင်အဖြစ်နှင့်အမှန်တကယ်ပြုလုပ်နေသောပြည့်သူ့အကျိုးပြုလုပ်ငန်းများတွင်ပါဝင်နိုင်ရန်စောင့်စားနေ သူများရှိလာခဲ့ပြီဖြစ်သည် ။ဤသို့ ဤသို့  အမျိုးအမျိုးသော လူအများကြားမှ တဖက်သတင်းစကားများကို လည်း ပါတီခေါင်းဆောင်များထံသို့ရောက်ရှိပေါက်ကြားနေပါပြီး။ NLDပါတီခေါင်းဆောင်သူများ သဘောထား ကြီး ကြပါ သည် ။ အမျှော်အမြင်ကြီးမားကြပါသည် ။

သို့ သော် နောက်ကြောင်းပြန်လှည့်စရာမလိုသည့် နောက်ချန်နေခဲ့သော နောက်လိုက်ခွေးများ အဖို့  အမြင်မှန်ရစေရန် တဦးကအစ တရာတိုင် သမ္မတကြီး နားတော်ပေါက်အောင် သိစေလိုပါသဖြင့် ယခုစာမျက်နှာမှ ပန်ကြားလိုက်ပါသည်။

Myanmar Mediamm

0 comments: