နိုင်ငံရေးနဲ့ စီးပွားရေး ဆက်နွယ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၉ ရက်နေ့က ရန်ကုန်တိုင်း လသာမြို့နယ်မှာပြုလုပ်တဲ့ NLD ရုံးခွဲ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို သွားရောက်ပြီး နိုင်ငံရေးနဲ့စီးပွားရေးရဲ့ ပတ်သက်ဆက်နွယ်ပုံတွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို ပြောဆိုသွားခဲ့ပါတယ်။ တဆက်ထဲမှာလည်း အလွှာအသီးသီးက သူတွေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် လူငယ် လူလက် လူကြီးတွေအနေနဲ့ NLD ထဲကိုဝင်ရောက်ပြီး ပါဝင်ကူညီကြဖို့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ထောင်နဲ့ ချီတဲ့ ဒေသခံပြည်သူတွေကို သူက မေတ္တာရပ်ခံသွားပါတယ်။
BurmaVJMedia
0 comments:
Post a Comment