စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 2, 2012

ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူ/သားတွေအတွက် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါ


ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူ/သားတွေအတွက် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါ
ဒေါက်တာလွဏ်းဆွေ


ဒီကနေ့မှာ NLD အမတ်တွေကို လွှတ်တော်ထဲ သွတ်သွင်းပြီးသွားတဲ့အတွက် ကြံ့ဖွတ်စစ်အုပ်စုရဲ့ မဟာစီမံကိန်း ပထမအဆင့် အောင်မြင်သွားပြီလို့ ပြောရပါမယ်။



ဒုတိယအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ကချင်ကို မီးစတဘက် ရေမှုတ်တဘက်ဗျူဟာနဲ့ ခပ်သွက်သွက်ကလေး ဗျင်းပါတော့မယ်။



ကချင်ကို ဗျင်းပြီးတာနဲ့ တတိယအဆင့်အဖြစ် ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးကို ၂၀၁၃ မှာ အပြီးသတ် သွယ်တန်းနိုင်အောင် တက်သုတ်ရိုက်ဆောင်ရွက်ပါတော့မယ်။ ပြီးတာနဲ့ ပိုက်လိုင်းကြီးကို အာဏာရှင်တရုတ်နဲ့ ပူးပေါင်းကာ လုံခြုံရေး အပြည့်အ၀ ယူပါတော့မယ် (တရုတ်အာဏာရှင်အစိုးရက အခုအချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ခြေလှမ်းသွက်နေကြတာကို ငြိမ်ကြည့်နေတာ အလကားမဟုတ်ပါ။ ဤစီမံကိန်းကြီး မပြီးသေးလို့ သည်းခံနေခြင်းမျှသာ ...)။



ပြီးရင် နောက်ဆုံးအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကို တရစ်ချင်း ပြန်တင်းပြီး သဘာဝဓာတ်ငွေ့ကရတဲ့ စာရင်းမရှိအင်းမရှိ နှစ်ရှည်ဝင်ငွေတွေ (ရွှေဂက်စ်က ရရှိမယ့် အကျိုးရလဒ်များ) နဲ့ မြန်မာနိုင်ငံတော်ကြီးကို ပါတီစုံရွေးကောက်ပွဲလည်းရှိ၊ အထက်လွှတ်တော် အောက်လွှတ်တော်တွေလည်းရှိတဲ့ ဘီလာရစ် (Belarus) နိုင်ငံတော်ကြီးလို ပါလီမန်ဒီမိုကရေစီ အာဏာရှင်စနစ်အောက် ရောက်သွားအောင် ယဉ်ယဉ်လေး သွတ်သွင်းပါတော့မယ်။



ကျနော်တို့ ဘာလုပ်ကြမလဲ



အဲဒီလို ပါလီမန်ဒီမိုကရေစီအာဏာရှင်စနစ်ဆိုတဲ့ အာဏာရှင်စနစ်ပုံစံသစ်တမျိုးအောက် ထပ်မံ မကျရောက်စေဖို့အတွက် ကချင်ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းသွားအောင် အရေးတကြီး ဆောင်ရွက်ဖို့ လိုသလို တိုက်ပွဲဝင် ကချင်အင်အားစုတွေကိုလည်း ပြည်တွင်းပြည်ပအင်အားစုအားလုံးက နည်းလမ်းမျိုးစုံနဲ့ ပုံအောကူညီဖို့ လိုအပ်ပါတယ်။



စစ်ရပ်စဲရေး ဆောင်ရွက်တာနဲ့ တပြိုင်နက်တည်းမှာ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးစီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းသွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့လည်း လိုပါမယ်။



အဲဒီလို တိုက်ပွဲမျိုးဆိုတာ ပါလီမန်တွင်းက တိုက်လို့ရမယ့် အနေအထားမျိုး မဟုတ်ပါဘူး (အဲဒါကြောင့်မို့ အန်အယ်လ်ဒီ လွှတ်တော်တက်တာကို စောင့်နေဖို့ လိုကိုမလိုတာပါ)။ ပါလီမန်ပြင်ပကနေ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့သလိုမျိုး ပြည်တွင်းပြည်ပ လူထုအင်အားနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတိုက်ပွဲဝင်မှ ရနိုင်ပါမယ် (လိုအပ်ရင် တတိုင်းတပြည်လုံး လမ်းပေါ်ထွက်သင့် ထွက်ကြရပါမယ်)။



အဲဒါကြောင့်မို့ ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါဘူး။ ကချင်ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုစီမံကိန်း အမြန်ဆုံး ရပ်ဆိုင်းရေးတို့ကို တက်ညီလက်ညီ စတင်လုပ်ဆောင်ကြဖို့သာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဖြစ်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။



မှတ်ချက် ။ ။ ကြံ့ဖွတ်စစ်အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် သူတို့ရဲ့မဟာစီမံကိန်းကြီးကို အပြီးသတ်သွားနိုင်တဲ့ အနေအထား တွေ့နေရလို့ မြင်မိတာလေးကို အလန်း(မ်) ပေးလိုက်ရခြင်းဖြစ်ပါတယ်။ “မဖြစ်နိုင်ပါဘူးကွာ” ဆိုလည်း သဘောအတိုင်းပါပဲခင်ဗျား။



အားလုံးသို့ လေးစားစွာဖြင့် …


ဒေါက်တာလွဏ်းဆွေ


- ရွှေဂက်စ်က ရရှိမယ့် အကျိုးရလဒ်များ click

- ဘီလာရပ်စ်နိုင်ငံက ပါလီမန်အာဏာရှင်စနစ်အကြောင်း သိလိုပါက … click

0 comments: