စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 18, 2012

ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးဖို့အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ကျိုင်းတုံမြို့ကို ထွက်ခွာ




အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးဖို့အတွက် ရှမ်းပြည်ပြန်လည်
ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ကျိုင်းတုံမြို့ကို ထွက်ခွာသွားပါတယ်။

SSA တောင်ပိုင်း တပ်ဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့ကတဆင့် ကားလမ်းခရီးနဲ့ ဒီမနက် ၉ နာရီမှာ ကျိုင်းတုံမြို့ကို ထွက်သွားပြီဖြစ်ပါတယ်။
မနက်ဖြန် မနက် ၉ နာရီမှာ ဆွေးနွေးပွဲပြုလုပ်မှာဖြစ်ပြီး RCSS အဖွဲ့ရဲ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေးကော်မတီနဲ့ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးကော်မတီ အဖွဲ့ဝင် ၂၂ ဦးအပြင် ရှမ်းပြည်ပြန်လည်
ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချူပ်ကြီး ယွက်စစ် လည်း လိုက်ပါသွားတယ်လို့သိရပါတယ်။

ဒုဗိုလ်ချုပ်ကြီး ယွက်စစ် လိုက်ပါသွားရတာဟာ လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ ဖိတ်ကြားချက်အရ ဖြစ်တယ်လို့
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။

"၀န်ကြီး ဦးခင်မောင်စိုး နဲ့အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်မြတ် တို့ မေတ္တာရပ်ခံပြီးတော့ ဖိတ်ကြားထားလို့ သွားရောက်ခြင်းပဲ ဖြစ်ပါတယ်၊
ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာဆိုရင် ဦးခင်မောင်စိုး
ပြောပြချက်အရ သူ့ထက်ကြီးတဲ့ အဆင့်တွေ တက်မယ်ဆိုပြီးတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ကို တက်ဖြစ်အောင် ကြိုးစားပြီးတော့ တက်စေချင်တဲ့
အကြောင်း မေတ္တာရပ်ခံလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။"

ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဇန္န၀ါရီလလယ်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ချိန်က ဟိုမိန်းမြို့နယ်နဲ့ မိန်းထားမြို့နယ်တို့ကို SSA ဗဟိုဌာနချူပ်နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ပြီး အခြေစိုက်နေထိုင်ဖို့အတွက် နှစ်ဘက် အောက်ခြေတပ်တွေ ညှိနှိုင်းဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပေမယ့် မပြေလည်သေးဘဲ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

အခုတစ်ကြိမ်မှာ နှစ်ဖက်အသေးစိတ်ညှိနှိုင်းဖြေရှင်းနိုင်ဖို့ RCSS ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို အောက်ခြေတပ်မှူးတွေပါဝင်တဲ့ ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး မူးယစ်ဆေးဝါးပူးတွဲတိုက်ဖျက်ရေး ကိစ္စတွေကိုပါ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က ဦးစားပေး ဆွေးနွေးမယ်လို့
ပြောဆိုသွားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။

"အဓိက ဆွေးနွေးသွားမှာကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေကို အစိုးရနဲ့အတူ ပူးပေါင်းပြီးတော့ ဖော်ဆောင်သွားနိုင်ဖို့လို့
ပြောပါတယ်။ နံပါတ် ၂ ကတော့ သဘောတူညီချက် အတိုင်း လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးကျန့်ကြာနေတဲ့ ကိစ္စရပ်တွေ ပြဿနာတွေကို အခုတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာ
ဖြစ်ပါတယ်။"

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ပအခြေစိုက်
 မြန်မာသတင်းမီဒီယာအဖွဲ့တွေအပြင် ထိုင်းနဲ့နိုင်ငံခြား
သတင်းထောက် ၃၈ ဦး လိုက်သွားကြောင်း သိရပါတယ်။

RFA Burmese
 

0 comments: