စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, May 5, 2012

ကုမ္မဏီများ၏ ပြိုင်ဆိုင်မှု ပရို မိုးရှင်းအပေါ်မှုတည်ပြီးSIMကပ် အလကားပေး နိုင်လောက်သည့်အထိဖြစ်သွားနိုင်


မြန်မာနိုင်ငံတွင်မိုဘိုင်းဖုန်းတန်ဖိုးတစ်ဖြေးဖြေး လျှော့ချရာတွင်“နိုင်ငံတကာမှ
လာရောက်ရင်းနှီးမည့်ကုမ္မဏီများ၏ပြိုင်ဆိုင်မှုပရိုမိုးရှင်းအပေါ်မှုတည်ပြီးSIMကပ်အလကားပေး နိုင်လောက်
သည့်အထိဖြစ်သွားနိုင်တယ်”
ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမိုဘိုင်းဌာနမှအင်ဂျင်နီယာချုပ်ဦးသိန်းဝင်းက
သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

မြန်မာမိုဘိုင်းဖုန်းများလက်ရှိဈေးထက်လျှော့ချ ရောင်းနိုင်ရန်ဆက်သွယ်ရေးအခြေခံအဆောက်အအုံ
တည်ဆောက်ပြီးတစ်ဖြည်းဖြည်းခြင်းတန်ဖိုးလျှော့ချသွာမည် ဖြစ်ကြောင်းဆက်သွယ်ရေးနည်းပညာသင်
တန်းကျောင်းအုပ်ဦးကျော်စိုးက
ဆက်သွယ်ရေးဒုဝန်ကြီး၏လွှတ်တော်အတွင်းပြောကြာချက်ကိုကိုးကားပြောကြား
သည်။
“မြန်မာ့ဆက်သွယ်ရေးအတွက်ဥပဒေမှုကြမ်းတင်ပြီးပြီ လွှတ်တော်ဥပဒေပြုရေးအဖွဲ့က
ဆက်ပြီးပြုလုပ်ဖို့ပဲကျန်တော့တယ်”ကျောင်းအုပ်ကြီးကပြောသည်။

၂သိန်းတန်ဖုန်းကို မြန်မာ့ဆက်သွယ်ရေးအပါအ၀င် ကုမ္မဏီ၂၃ခုကဖုန်းအလုံးရေ
၁သန်းခွဲ ကိုဆက်တိုက်ဝယ်လိုအားရှိသလောက်ရောင်းချလျှက်ရှိကြောင်း၊မြန်မာ့ဆက်သွယ်ရေးနှင့်အကျိုးတူ
ပူးပေါင်းဆောင်ရွက်နေ
၏ သည့် ကုမ္မဏီများကို ၂သိန်းထက်ပိုမရောင်းရန်ခေါ်ယူအသိပေးထား
ပြီးဖြစ်ကြောင်း၊အင်တာနတ်ကော်နရှင်ကြံ့ကြာမှုမရှိစေရန် သုံးစွဲသည့်ဝန်နှင့်ကိုက်
ညီမှုရှိအောင်ပြုလုပ်နေကြောင်း မိုဘိုင်းဌာနမှအင်ဂျင်နီယာချုပ်ဦးသိန်းဝင်းက
ဆက်လက်ပြောကြာခဲ့သည်။

Myanmar News Now

0 comments: