စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 11, 2012

Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်နှင့်အမေစု လုံခြုံရေးအတွက်


အင်္ကျီအဖြူ၊ ကချင်ပုဆိုး နဲ့ နှစ်ယောက်က အမေစု လုံခြုံရေးကို တာဝန်ယူပေးနေသူတွေပါ။ ကျန်တဲ့ အမေစု ရှေ့ ၀ိုင်းနေသူတွေက သတင်းထောက်တွေရော စစ်ထောက်လှမ်းရေး၊ သတင်းတပ်ဖွဲ့ကနဲ့ ဘယ်ကမုန်းမသိတဲ့ ဖုန်းနဲ့ ဓါတ်ပုံရိုက်နေသူတွေ ဖြစ်ပါတယ်။


Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း ဆိုတာလေး ဒီနေ့မှ ဖတ်လိုက်ရပါတယ်။

မေလ ၈ ရက်၊ တနင်္လာနေ့ မနက် ၉ နာရီအချိန် မြန်မာနိုင်ငံကုန်သည်များ နဲ့ စက်မှုလက်မှုအသင်းချုပ် UMFCCI မှာကျင်းပတဲ့ ရွှေမင်းသားဖေါင်ဒေးရှင်းရဲ့ ၄ နှစ်ပြည့် အခမ်းအနားကို ဖိတ်ကြားချက်အရ ကျွန်တော်လည်း တက်ရောက်ခဲ့ပါတယ်။

ကျွန်တော် အပါအ၀င် သတင်းဓါတ်ပုံ သမားတွေဟာ အမေစု ၀င်လာကတည်းက ပရိသတ်တွေကို လုံးဝ ဂရုမပြုနိုင်...လောက်အောင်ဘဲ အမေစုရှေ့ ၀ိုင်းပြီး သူ့ထက်ငါ ဦးအောင် ဓါတ်ပုံတွေရယူခဲ့ကြတာပါ။ အမေစုရှေ့ အားလုံး ၀ိုင်းနေတာ ဆယ်မိနစ်ကျော် ကြာလာတဲ့အခါ အခမ်းအနားမှူးက လိုအပ်တဲ့ ဓါတ်ပုံရယူပြီးရင် ရှေ့မှာ ပိတ်မနေဘဲ အခမ်းအနား အမြန်ကျင်းပနိုင်ရေးအတွက်ကူညီပေးပါလို့ အသံချဲ့စက်နဲ့ အော်ပြီး မေတ္တာရပ်ခံခဲ့ပါတယ်။
(ကျွန်တော်ကတော့ အမေစုရှေ့ကနေ ခွါပြီး စတိတ်စင်ပေါ်ကနေ ဆက်ရိုက်ခဲ့ပါတယ်။)

လုံခြုံရေး ၀န်ထမ်းတွေ အနေနဲ့ အခမ်းအနား အမြန်ကျင်းပနိုင်ရေး ကူညီခဲ့သလို အမေစု လုံခြုံရေးအတွက်လည်း ဘေးကနေ စောင့်ကြည့်နေခဲ့တာကို သေချာ မြင်ခဲ့ပါတယ်။

Weekly Express Times သတင်းထုတ်ပြန်ချက်မှာ ပါတဲ့ စာသားဖြစ်တဲ့ “ဟေ့ကောင် ဓာတ်ပုံမရိုက်နဲ့” ဆိုတဲ့စကားသံ လုံးဝ မကြားခဲ့ရဘဲ ကျွန်တော်ကို လာပြောသမျှ စကားသံ အားလုံးကတော့ မေတ္တာသံတွေနဲ့ ပြောသံသာ ကြားရပြီး စိတ်ထဲ လုံးဝ စိတ်ဆိုးစရာ မရှိခဲ့ပါဘူး။ ကျွန်တော့် စိတ်ထဲမှာလည်း ဓါတ်ပုံဆရာတွေ အနေနဲ့ အခုလို အနီးကပ်ပိတ်ပြီး ၀ိုင်းနေပုံဟာ နည်းနည်း လွန်တယ် နောက်က ပရိသတ်ကိုလည်း မလေးစားရာကျတယ် လို့ ထင်မြင်မိသလို အမေ့ လုံခြုံရေးအတွက်လည်း စိုးရိမ်မိတာ အမှန်ပါဘဲ။

ပရိုဖက်ရှင်နယ်လ် ကင်မရာမန်းတွေအနေနဲ့ ရှေ့မှာသာ လူတွေပိတ်မနေကြဘူးဆိုရင် အမေစုပုံ သတင်းဓါတ်ပုံ ယူနိုင်ဖို့အတွက် ငါပေခန့်အထိ ကပ်ပြီး ၀န်းနေဖို့ မလိုအပ်ပါဘူး။ ဆယ်ပေ ဆယ့်ငါးပေလောက်ကနေ အကောင်းဆုံးပုံတွေ လှမ်းရိုက်လို့ရနိုင်ပါတယ်။

အခုတော့ ၀ိုင်းနေတဲ့အထဲမှာ ဖုန်းကင်မရာလေးနဲ့ ရိုက်နေတဲ့သူလည်းပါသလို MP-4 နဲ့ ရိုက်နေတာလည်းတွေ့ခဲ့ရပါတယ်။ အားလုံးက သတင်းထောက် မဖြစ်နိုင်သလို ၀ိုင်းနေတဲ့အထဲ ကျွန်တော်နဲ့ မျက်မှန်းတမ်းမိတဲ့ စစ်ထောက်လှမ်းရေး တစ်ယောက် ပါနေတာလည်း သတိထားမိပါတယ်။

NLD က လုံခြုံရေးတာဝန်ယူနေတဲ့ သူတွေအနေနဲ့ လက်နှက်ကိုင်ပြီး လုံခြုံရေး တာဝန်ယူရသူတွေ မဟုတ်လေတော့ ဒီလို ၀ိုင်းနေတဲ့အချိန်မှာ အမေ့လုံခြုံရေးအတွက် စိုးရိမ်မယ်ဆို စိုးရိမ်စရာပါဘဲ။

ကျွန်တော်အခုလို ပြောတာဟာ ဘ၀တူ ဓါတ်ပုံဆရာတွေကို မစာနာဘဲ NLD ဖက်က လိုက်ပြီးပြောနေတယ်လို့ မထင်စေ့ချင်ပါဘူး။ ကျွန်တော်စိုး၇ိမ်တာက လူထုခေါင်းဆောင် အမေစု လုံခြုံရေးနဲ့ သတင်းထောက်တွေအနေနဲ့ စည်းကမ်းတကျ သတင်းယူနိုင်ဖို့ ဖြစ်ပါတယ်။

အမေစု ၀င်လာတယ် ဓါတ်ပုံဆရာ သုံးဆယ်လောက် ၀ိုင်းတယ်။ နောက်ကပရိသတ်ကို ဂရုမပြုကြဘူး။ မင်းကိုနိုင် တို့ ၀င်လာတယ် ၀ိုင်းကြပြန်တယ်။ သီတဂူ ဆရာတော် အရှင် ဥာဏိဿရလာ ၀င်လာပြန်တယ် အားလုံးဝိုင်းကြပြန်တယ်။ ဒီလိုပုံစံထက် စည်းကမ်းတကျ သတင်းယူတဲ့ပုံစံလေး ရှိဖို့ လိုအပ်လာပါပြီ။

ကျွန်တော့် အနေနဲ့ Weekly Express Times က ထုတ်ပြန်ကြေငြာထားတဲ့ စာပိုဒ်လေးထဲမှာ
“ဟုတ်ကဲ့ပါ . . .ကျွန်တော် ဒီတစ်ပုံလောက်ရိုက်ပါရစေ””ဟု ကိုဟိန်းကိုစိုးက ပြောကြားပြီးဓာတ်ပုံမှတ်တမ်းတင် ရန် ကြိုးပမ်းစဉ် ဦးကျော်စိုးနိုင်က ကင်မရာကိုင်သော လက်ကို ရိုက်ချလိုက်ပြီး ““မင်းကို ငါမရိုက်နဲ့လို့ ပြောတာနားမလည်ဘူးလား ဟေ့ကောင်””ဟု ဆိုကာ UMFCCI ရုံးချုပ်၏ အိမ်သာအတွင်းသို့ ခေါ်ဆောင်သွားပြီး သတင်းထောက်ကိုဟိန်းကိုစိုး၏ အင်္ကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲစောင့်ကာ ““မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . . .+ - x -ံ့ သားရဲ့ . . . ””ဟု လက်ရောက်မှု ကျူးလွန်ကာဆဲရေး တိုင်းထွာစော်ကားပြောဆိုပါသည်။" ..လို့ ပါတယ်။

Weekly Express Times က ထုတ်ပြန်ကြေငြာထားတဲ့ အတိုင်းသာ မှန်ရင်တော့ ကျွန်တော်လည်း NLD လုံခြုံရေး တာဝန်ခံတွေကို ရှုံ့ချပါတယ်။ ကျွန်တော့်အနေနဲ့ ဖြစ်ခဲ့တာတွေကို တိတိကျကျ လုံးဝ မမြင်ခဲ့တာကတော့ အဲ့ဒီမှာ ရှိနေတဲ့ ကျွန်တော့်အနေနဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်တော့်ကိုတော့ အဲ့ဒီလို လုံးဝ တားဆီးခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် သတင်းဓါတ်ပုံ ဆရာတွေအနေနဲ့ သတင်းဓါတ်ပုံ ရယူတဲ့နေရာမှာ အများကို လေးစားမှုပေးသင့်ပြီး စည်းကမ်းတကျလေး ဖြစ်သင့်တယ်လို့ မြင်ပါကြောင်း ထပ်ဆင့် ပြောကြားလိုပါတယ်။

Zaw Lwin Win

0 comments: