စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 14, 2012

ဆန္ဒပြရွှေတွင်းလုပ်သားတွေ များ တောင်းဆိုချက်တွေ ရရှိ



နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ ရမည်းသင်းခရိုင်က ရွှေတွင်း
လုပ်သားတွေ လမ်းခုလပ်မှာပဲ သူတို့တောင်းဆိုတာတွေကို ကုမ္ပဏီဘက်က ဒီနေ့ လိုက်လျောလိုက်တယ်လို့သိရပါတယ်။

နေပြည်တော် သမ္မတအိမ်တော်အထိချီတက်လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေတွင်းက ရွှေလုပ်သားတွေဟာ လမ်းခုလပ်ရှိ
ရွှေမြင်တင် ဘုရားတောင်ခြေအရောက်မှာ လုံခြုံရေးတွေရဲ့ ပိတ်ဆို့တားဆီး တာခံနေရသလို တဘက်ကလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်း ညှိနှိုင်းမှုတွေလုပ်နေရင်း သူတို့တောင်းဆိုထားတဲ့ အခွင့်အရေးတွေ ရရှိပြီး ပြေလည်သွားတာဖြစ်တယ်လို့ ဆန္ဒပြ ခေါင်းဆောင် ကိုသက်လွင်က ပြောပါတယ်။

"ရာခိုင်နှုန်း ၁၀၀ လုံး အကုန်ပြေလည်တယ်လို့ ပြောလို့ရပါတယ်။ အင်းတွေကို ယခင်မူလအတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးကို ကျနော်တို့
တောင်းဆိုတဲ့အခါမှာ အများနဲ့နည်းတူ တနှစ်ပေးပါတယ်၊ နံပတ် ၂အနေနဲ့ ဇုံအတွင်းမှာရှိတဲ့စက်တွေကို ပြန်လည်လည်ပတ်ခွင့်ရရှိရေးတောင်းဆိုပါတယ် အဲဒီဟာကိုလဲ ဒီစက်တွေကို နောက်ရေရှည်ဆက်လုပ်ဖို့အတွက် သူတို့က တရားဝင်အဖြစ်နဲ့ တနှစ်ခွင့်ပြုပါတယ်ခင်ဗျ။ ၊နံပတ်သုံးအချက်ဖြစ်တဲ့
ရွှေလုပ်သားများ ယခင်အတိုင်း အစုခံစားခွင့် ရရှိရေးကိုလည်း သူက သူတို့ကုမ္ပဏီစာချုပ် စချုပ်တဲ့အချိန်မှာ ထုံးကြီးနဲ့ရွှေစင်မှာ သီးခြား တသီးပုဂ္ဂလဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုလည်း အဆင်ပြေအောင် ဆိုပြီးတော့မှ ၈ လခွဲ ပြန်လည်ပြီးတော့မှ လုပ်ကိုင်ခွင့်ပေးပါတယ်ခင်ဗျ။"

ဒါ့အပြင် အင်း မလုပ်တော့ဘဲ လျော်ကြေးရလိုသူတွေအတွက်လည်း
လျော်ကြေးပြန်ပေးမယ်လို့သဘောတူသလို အမျိုးသားကြီးပွါးတိုးတက်ရေး ကုမ္ပဏီက အဆောက်အဦးတွေ ဆောက်လုပ်ဖို့မြေညှိတဲ့အခါ၊ စက်တွေသယ်ဆောင်တဲ့အခါတွေမှာလည်းအားလုံးကူညီဆောင်ရွက်ပေးမယ် ဆိုတဲ့ သဘောတူညီချက်တွေလဲ ရခဲ့တယ်လို့ သူကပြောပါတယ်။

အဲဒီသဘောတူညီချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေအပါဝင် လက်မှတ်ထိုးပြီးရင် သူတို့ဆန္ဒပြတာတွေကို ရုတ်သိမ်းမယ်လို့ ကိုသက်လွင်က ဆက်ပြောပါတယ်။

"ခုန ပြေလည်တဲ့ ဟာတွေကို စာစီမယ်။ ပြီးရင် ဟိုဘက်က ယုံကြည်လောက်
တဲ့ အသိသက်သေ ကျနော်တို့ဘက်ကလဲ ယုံကြည်လောက်တဲ့ အသိ
သက်သေ ဒီအဖွဲ့တွေနဲ့ အတူပေါင်းပြီးမှ ၂ဦးသဘောတူလက်မှတ်ထိုးမှာ
ပါခင်ဗျ။ ကုမ္ပဏီဘက်မှာဆိုရင် တိုင်းဒေသကြီး သတ္ထုဝန်ကြီး ဦးသန်းစိုးမြင့်နှင့် ပြည်ထောင်စု သတ္ထုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဦးဝင်းထိန် ညွှန်ကြားရေးမှုး ဦးတင်မောင်ဌေးတို့ ပါမှာပါ။ ဆန္ဒပြနေတဲ့ ကျနော်တို့အဖွဲ့ရယ် သူတို့ရဲတွေလုံခြုံရေးပိတ်နေတဲ့ နှစ်ခု ကြားထဲမှာ ညှိတာပါ ကျနော်တို့လက်မှတ်ထိုးပြီးလို့ ယုံကြည်စိတ်ချရပီဆိုရင် ကျနော်တို့ အဖွဲ့တွေက ကျနော်တို့ ဌာနေကို ကျနော်တို့ အရင်အာမခံထားတဲ့အတိုင်းပဲ
ရှေ့ကို တဖ၀ါးမှ မတိုးပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြန်မှာပါ"

ရမည်းသင်းခရိုင်ရှိ မိုးထိမိုးမိရွှေတွင်းလုပ်ငန်းကို အမျိုးကြီးပွါး
တိုးတက်ရေးကုမ္ပဏီက ၂၀၁၁ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ
ရွှေတူးလုပ်ငန်းအသေးလေးတွေကို လေလံခေါ်ပြီးတော့ အောက်တိုဘာလ
မှာ လုပ်ငန်းတွေစခဲ့ပါတယ် ။

၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ကုမ္ပဏီက လုပ်ငန်းတွေ အကုန်
ရပ်ဆိုင်းသွားတာပါ။ ဒါကို ရင်းနှီးမြှုပ်နှံထားကြတဲ့ သူတွေက နစ်နာ
ဆုံးရှုံးတာကြောင့် လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဇွန်လ ၁ ရက်နေ့ကနေ စတင်ပြီးတော့ ဆန္ဒပြနေကြတာဖြစ်ပါတယ်

ရခိုင်ပြည်သူတွေကို ဆူပူအကြမ်းဖက်သမားများရန်မှ ကာကွယ်ရန် လုံခြုံရေးအပြည့်အ၀မပေးသော်ငြား နစ်နာချက်တွေ ရရှိရေး နေပြည်တော်ကို ချီတက်ဆန္ဒပြတဲ့ ရွှေတူးလုပ်သားတွေကို အကြမ်းဖက်နှိမ်နင်းဖို့အတွက်တော့ ကြံ့ဖွံ့စစ်အစိုးရ လုံခြုံရေးအပြည့်ချထား (ဓာတ်ပုံသတင်း)











0 comments: