စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 14, 2012

ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ယနေ့ မီဒီယာများနှင့် တွေ့ဆုံ




ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မည်သူ့အတွက်မျှ အကျိုးအမြတ်မရှိခဲ့ကြောင်း မည်သည့်နေရာတွင်မှ မဖြစ်စေလိုကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ယနေ့ညနေပိုင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

"ဖြစ်တာတွေကတော့ ဖြစ်ပြီးသွားပြီ၊ ဖြစ်ပြီးသွားတဲ့အနေအထားမှာ ကြည့်လိုက်တဲ့အခါ ဘယ်သူမှမနိုင်ဘူး ဘယ်သူမှအကျိုးအမြတ်မရှိဘူး။ သို့သော် ဒီဖြစ်ရပ်အပေါ်မှာ ဖြစ်စေချင်တဲ့လူတွေကတော့ စိတ်ထဲမှာ နည်းနည်းကျေနပ်ကောင်း ကျေနပ်သွားလိမ့်မယ်၊ ဒါပေမယ့် ကျနော်တို့သည် ဒုက္ခသည်တစ်ပုံတပင်ကြီးကို ရရှိလိုက်တာ အကျိုးအမြတ်က ဒါပဲဖြစ်ပါတယ်၊ အဲဒါကြောင့် ဒီလိုရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဖြစ်ရပ်မျိုး ဘယ်နေရာမှာမှ ကျနော်တို့ မဖြစ်စေချင်ဘူး။ အရင်တုန်းက အတူတကွ နေထိုင်လာကျတဲ့ ဒီလူမျိုး ၂ မျိုးဟာ မလိုလားအပ်တဲ့ ပယောဂတွေ၊ ကောလာဟာလတွေ၊ တစ်ချို့လည်း မြှောက်ပေးနေကြတာတွေ ရှိပါတယ်။ သူတို့အယူအဆ အတွေးအခေါ်အမျိုးမျိုးနဲ့ မြှောက်ပေးနေကြတာ၊ ဒီဟာတွေကို ယုံကြည်ပြီးတော့ လုပ်တယ်ဆိုတဲ့ သူတွေကလည်း အတွေးအခေါ် အမြော်အမြင်နည်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဘယ်သူမှ အမြတ်ထွက်တဲ့ ကိစ္စမဟုတ်တဲ့အတွက်ကြောင့် မဖြစ်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံအနှံ့ အားလုံးဟာ တစ်ဦးချင်းမှာ တာဝန်ရှိပြီးတော့ အသိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဘယ်သူကနာတယ်၊ ဘယ်သူကသာတယ်၊ စာရင်းဇယားနဲ့ နှစ်ဖက်စလုံး နိဂုံးချုပ်မှာတော့ အရှုံးတရားတွေ ရရှိခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။" ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်က ဦးလှသိန်းက ပြောပါတယ်။

"ယနေ့ဆိုလျှင် မနေ့ကထက်ပိုပြီးတော့ အခြေအနေကောင်းတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်ခန်းများလည်း ပြန်လည်ဖွင့်လှစ်သလို ဘဏ်တွေလည်းပြန်လည်ဖွင့်လှစ်ပါတယ်။ လုပ်ငန်းတွေ အုပ်ချုပ်မှု ယန္တရားလည်း လည်ပတ်နိုင်အောင် ကျနော်တို့ စီမံထားပါတယ်။ ကယ်ဆယ်ရေးအတွက်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရင်းနဲ့ တစ်ပြိုင်နက်ထဲ အုပ်ချုပ်မှုယန္တရားပါ ပြန်လည် လည်ပတ်နိုင်အောင် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကိုလည်း လက်ရှိထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။" (ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်း မှ ယနေ့ညနေသတင်းစာရှင်းလင်းပွဲတွင်ပြောကြားချက်)

0 comments: