ဆြဇ္ဇာလန္နုိ္င္ငံ ဂျနီဗာမြို့ အိုင်အယ်အို-ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံမှာ မိန်ခွန်းပြောစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီကြီးတွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးရှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ Total နဲ့ Chevron ရေနံကုမ္ပဏြီ့ကီး နှစ်ခုအနက် Total ကုမ္ပဏီအနေနဲ့ တာဝန်ယူမှု-တာဝန်ခံမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ စွမ်းအင် ၀န်ကြီးဌာနအောက်ရှိ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းဟာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့တာ ကြောင့် နိုင်ငံခြားကုမ္ပဏီတွေဟာ အဲဒီအခြေအနေတွေ တိုးတက်မှ မြန်မာအစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
ရခိုင်ပြည်နယ် လတ်တလော ဖြစ်ပျက်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေစု ဒီလိုဖြေသွားပါတယ်...
ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များ ရှိခဲ့သည့်အတွက် တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
Why Players are Drawn to Pana365 Casino?
23 hours ago
0 comments:
Post a Comment