စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 11, 2012

ကိုရန်အောင်၏ မေးမြန်းချက်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်သော အခြေအနေများအပေါ် နစ်နေမန်း၏ သဘောထား ထုတ်ပြန်ကြေညာချက်။





ကိုရန်အောင်၏ မေးမြန်းချက်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်သော အခြေအနေများအပေါ် နစ်နေမန်း၏ သဘောထား ထုတ်ပြန်ကြေညာချက်။

ကျွန်တော့်ရဲ့ ဖေ့ဘွတ်ပေါ်တွင် မေးမြန်းလာသော ကိုရန်အောင်၏ မေးမြန်းချက်ကတော့ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါတယ်။

“Yan Aung” eleven က ဘာသာရေး လူမမျိုးရေးနဲ့ လှုံ့ဆော်တယ်လို့ ပြောရအောင် မောင်းတောမှာ စပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကနေ့ ယနေ့သတင်းတွေအထိ အစ္စလာမ် ဘာသာဝင်တွေ လို့ ထပ်တလဲလဲ သုံးနှုန်းထားခဲ့တာ ဘယ်မီဒီယာတွေပါလဲခင်ျေား..။

အဲဒီလိုပြောကြေးဆို ကိုနစ်နေမန်းကို ကျွန်တော် တစ်ခုမေးလိုပါတယ်..။

၁၉၉၂ ဇွန်လ က တောထဲမှာ ABSDF က ရိုဟင်ဂျာအကြောင်း တင်ခဲ့တဲ့ စာတမ်းလေးများ ရရင် တင်ပေးပါဦးလို့ပါ..။ ဦးနေ၀င်းလက်ထက်က သေခဲ့တဲ့ ရိုဟင်၈ျာဆိုတဲ့ ကျားသေကို ဘယ်သူ အသက်သွင်းခဲ့လဲ ဆိုတာလေးပါ..။

အဲဒီစာတမ်းကို ဘာ့ကြောင့် ဘယ်သူက ရေးသားပြီး ဘယ်သူက ထုတ်ဝေခဲ့လို့ INGO တွေနဲ့ UNHCR ကတစ်ဆင့် ကမ္ဘာမှာ အသိအမှတ်ပြုခံ လူတန်းစားတစ်ရပ် ဖြစ်သွားခဲ့ရတယ်ဆိုတာလေးတော့ မြန်မာဘလေ့ဂါ ထိပ်သီးတစ်ယောက်နေနဲ့ ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပေးစေချင်ပါတယ်..။

ပြည်ပက ဒီမိုအဖွဲ့တွေ၊ ၈၈ ကျောင်းသားဟောင်းတွေနဲ့ ABSDF အကြောင်း ခရေစေ့တွင်းကျရေးသားခဲ့သူဘလော့ဂါတွေ က ဘာလို့ ဒီအကြောင်းကို နှစ်ပေါင်းများစွာ ချန်လှပ်ထားခဲ့ရသလဲဆိုတာလေးကိုလည်း လက်လှမ်းမီရာ မေးကြည့်ပေးပါဦး...။

ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်ကုန်ပါလိမ့်မယ်... ဒီအချိန်မှာ အစိုးရက အကွက်ကျကျ ကြံစည်ခဲ့တယ်ဆိုရင်တောင် ပြည်ပကနေ မီဒီယာအားကိုးနဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးကို ပြတ်ပြတ်သားသား မလုပ်ခဲ့ကြပဲ ရိုဟင်ဂျာကို ကမ္ဘာ့သိအောင်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကို တင်ပေးခဲ့တဲ့ အကျိုးဆက်ဆိုတာကိုတော့ ငြင်းနိုင်ရင် ငြင်းကြပါ။

ဘယ်သူက ကြံစည်တာပဲဖြစ်ဖြစ် ဖြစ်လာတဲ့လက်ရှိအခြေအနေကို ချက်ချင်းတုန့်ပြန်ပြီး ရခိုင်တိုင်းရင်းသားတွေဘက်က ရပ်တည်ခဲ့တဲ့ ပြည်တွင်းပြည်ပက တကယ်အနစ်နာခံခဲ့ကြတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေ၊ မီဒီယာတွေအားလုံးကို ရခိုင်တိုင်းရင်းသားတွေနဲ့ ပြည်သူက လှိုက်လှိုက်လှဲလှဲ လေးစားပြီးသားပါ..။

----------

ယခုလို ကိုရန်အောင်ရဲ့  မေးမြန်းမှုနဲ့  ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်သော အခြေအနေများအပေါ် ကျွန်တော် နစ်နေမန်းရဲ့  သဘောထား အောက်ပါအတိုင်း ပြောကြားတင်ပြလိုပါတယ်။

ရိုဟင်ဂျာအကြောင်းနဲ့  ပတ်သက်ပြီး ပြောကြရေးကြတဲ့ ဖေါ်ပြချက်တွေ ABSDF သာမက အခြားသောသူများ အစုအဖွဲ့ များလည်း ရှိကြပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အာဏာရှင်နေ၀င်း ဦးဆောင်ခဲ့တဲ့ မဆလတစ်ပါတီ အာဏာရှင်လက်ထက်မှာ စတင်ပြီး မီး စမွှေးခဲ့တာပါ။ Divided Rule ဆိုတဲ့ ကျင့်စဉ်ကို အာဏာရှင်တွေဟာ အဓိကလက်နက်သဖွယ် ကျင့်သုံးဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသားအချင်းချင်းအကြား သွေးခွဲသလို တိုင်းရင်းသားနဲ့  တိုင်းရင်သားမဟုတ်သူတွေအကြားမှာလည်း သွေးခွဲပါတယ်။ တိုင်းပြည်ကို အာဏာနဲ့  ဖိနှိပ်အုပ်ချူပ်နိုင်ဖို့ အတွက် လိုအပ်တဲ့အချိန်တိုင်းမှာ လူမျိုးရေးအဓိကရုဏ်း ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးပါတယ်။ အာဏာရှင်လက်အောက်မှာ ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူတွေသာမက မြန်မာနိုင်ငံရေမြေမှာ နိုင်ငံသားအဖြစ် ခံယူပြီး နေထိုင်ကြတဲ့သူများလည်း ထပ်တူထပ်မျှ ဘ၀ဆိုးတွေနဲ့  ခံစားကြရတယ်ဆိုတာ သိကြဖို့  လိုပါတယ်။

တိကျသေချာမှု မရှိတဲ့အချက်အလက်တွေ၊ ပြည့်စုံအောင် စုဆောင်းပြုစုခြင်းမရှိတဲ့ ကောက်ချက်ချမှုတွေ၊ မျှတညီညွတ်မှုရှိအောင် မဆောင်ရွက်ခဲ့တဲ့ ဆုံးဖြတ်မှုတွေနဲ့ ပေါ်ထွက်လာခဲ့တဲ့ မှတ်တမ်းတွေကြောင့် အငြင်းပွားဖွယ် အကြောင်းအရာတွေဟာ သမိုင်းဖြစ်စဉ်တွေမှာ အများအပြား ရှိပါတယ်။ ဒီ အကြောင်းအရာတွေကို ပြန်လည်ပြုပြင်ပြီး ပိုမိုမှန်ကန်တဲ့ အခြေအနေရောက်ဖို့ ဆိုတာ မြန်မာနိုင်ငံမှာ ဘက်မလိုက်မှုတွေ ကင်းရှင်းလာနိုင်မယ့်အချိန်၊ လွတ်လပ်တဲ့ ရေးသားပြုစု မှတ်တမ်းတင် ဆောင်ရွက်ခွင့်တွေ ရရှိလာနိုင်မယ့် အချိန်၊ တစ်ဘက်သတ် ဖိနှိပ်ချူပ်ချယ်တားဆီးတင်းကြပ်မှုတွေ မရှိနိုင်မယ့် အချိန်ကြမှသာ အားလုံးသော အသိပညာရှင် အတတ်ပညာရှင်တွေ သမိုင်းသုတေသီတွေ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသားရေးရာ တာဝန်ရှိပဂ္ဂိုလ်တွေ နိုင်ငံကိုယ်စားပြု ပြည်သူ့ ကိုယ်စားလှယ်တွေ အားလုံး စုစည်းပြီး ၀ိုင်းဝန်းဆောင်ရွက်ကြရမယ့် အနေအထားမှသာ ဖြစ်ပါမယ်။

ဒီအတွက် ရိုဟင်ဂျာကိစ္စသာမက အခြားသော တိုင်းပြည်နဲ့ လူမျိုးအတွက် အဓိကအရေးပါတဲ့ ကိစ္စတွေပါ ပါဝင်ပါတယ်။ မြန်မာနိုင်ငံသားဖြစ်သူတစ်ဦး မည်သူမဆို နိုင်ငံသားတစ်ဦးရဲ့  ရပိုင်ခံစားပိုင်ခွင့်တွေ၊ နိုင်ငံရဲ့  ရေမြေဒေသ အပိုင်းအခြား သတ်မှတ်မှုတွေ ဘာသာတရား ကိုးကွယ်မှု ယဉ်ကျေးမှု အစဉ်အလာ ထိန်းသိမ်းခွင့် စာပေစကား မြင့်မားတိုးတက်အောင် ဆောင်ရွက်ခွင့်တွေ အစရှိကြတဲ့ တိုင်းရင်သားလူမျိုးအားလုံးရဲ့  အရေးကိစ္စတွေမှာ ကျောသားရင်သား မခွဲခြားဘဲ တစ်နိုင်ငံထဲနေ တရေထဲသောက် နေထိုင်နေကြတဲ့သူတိုင်း ဘာသာမရွေး လူမျိုးမရွေး တန်းတူညီမျှ တရားမျှတစွာ ရှိသင့်ကြရမှာပါ။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသူတစ်ဦးချင်းစီတိုင်းဟာ အဓိကက နိုင်ငံသားတစ်ဦးအနေနဲ့  မြန်မာနိုင်ငံအပေါ်မှာ စောင့်သိထိန်းသိမ်းရမယ့် သစ္စာပါ။ မြန်မာနိုင်ငံအပေါ်မှာ စောင့်သိထိန်းသိမ်းရမယ့် သစ္စာဆိုတာ တိုင်းပြည်နဲ့  လူမျိုးအကျိုးကို ဆန့် ကျင်သွေဖီမယ့် ပြုမူဆောင်ရွက်မှုမျိုးကို မလုပ်ဆောင်ဖို့  သစ္စာစောင့်သိ လိုက်နာရတာပါ။ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့  ဒီသစ္စာကို မလိုက်နာသူဆိုရင် ဘာသာတူသည် ဖြစ်စေ မတူသည် ဖြစ်စေ၊ လူမျိုးတူသည် ဖြစ်စေ မတူသည် ဖြစ်စေ တိုင်းပြည်နဲ့  လူမျိုးအပေါ်မှာ ဖောက်ပြန်သူသာ ဖြစ်ပါတယ်။ ထို့ အတူ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် ဆောင်ရွက်တဲ့ အကြမ်းဘက်မှုများကိုလည်း မည်သူက လုပ်လုပ် မည်သည့်အစုအဖွဲ့ လုပ်လုပ် လက်ခံစရာ အကြောင်းမရှိပါဖူး။ ဒီနေရာမှာ ထပ်ပြောချင်တာက State Terrorist လို့  သတ်မှတ်ထားတဲ့ နိုင်ငံတော်အကြမ်းဘက်သူများဖြစ်တဲ့ အာဏာရှင်စနစ်နဲ့  အာဏာရှင်များကို လုံးဝ လက်မခံပါဖူး။

ယနေ့ ယခုဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်ဒေသက အဖြစ်အပျက်ပေါ်မှာ ဖြစ်ပွားရမှု အကြောင်းရင်းတွေနဲ့  သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည်ကြဖို့  လိုပါတယ်။ ဒီလို အသွင်တူ ဖြစ်ပွားမှုတွေဟာ ယခင် မဆလခေတ်မှာကတည်းက စတင်ဖြစ်ပွားခဲ့ပါတယ်။ “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရစကားကို ၁၉၅၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့  နယ်စပ်ဒေသမှာ အခြားနိုင်ငံတွေနဲ့  ရေမြေတောတောင်ထိစပ်နေမှုကြောင့် တိုင်းပြည်တစ်ပြည်ရဲ့  စီးပွားရေး လူမှုရေး နိုင်ငံရေးအခြေအနေအပေါ်မှာ မူတည်ပြီး တစ်နိုင်ငံမှ တစ်နိုင်ငံ၏ နေထိုင်သူများ တရားဝင်ဖြစ်စေ တရားမ၀င်ဖြစ်စေ ကူးလူးရောက်ရှိတတ်ကြတာဟာ ခေတ်တိုင်း နိုင်ငံတိုင်းမှာ ယခင်ကရော ယခုရော လက်တွေ့ ဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း အခြားနိုင်ငံတွေ ဖြစ်ကြတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ မှရော တရုတ်နိုင်ငံဘက်ကရော ကူးပြောင်းရောက်ရှိလာကြသူတွေ ရှိကြပါတယ်။ ထိုနည်းတူ မြန်မာနိုင်ငံဘက်မှလည်း အိန္ဒိယနိုင်ငံ ထိုင်းနိုင်ငံ တရုတ်နိုင်ငံကို ရောက်ရှိသွားကြသူတွေ ရှိကြပါတယ်။ ဒီလိုကူးပြောင်းရောက်ရှိကြသူတွေ အထူးသဖြင့် တရားမ၀င်သောနည်းများနဲ့  ရောက်ရှိကြသူတွေအပေါ် ဆက်ဆံမှုမှာ အဓိကကျသူဟာ တိုင်းပြည်ကို အုပ်ချူပ်နေတဲ့ အစိုးရဆိုသူတွေပါ။ တိကျတဲ့ မူဝါဒသတ်မှတ်မှုတွေ မျှတတဲ့ တရားဥပဒေတွေနဲ့  စည်းမျဉ်းစည်းကမ်းတွေ၊ လက်တွေ့ ကျတဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်ရမှာ အဆိုပါ အစိုးရ အုပ်ချူပ်သူတွေရဲ့  တာဝန်ပါ။ ဒီလိုမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူမှုတွေ၊ အသားအရောင် ဘာသာ လူမျိုးခွဲခြားမှုတွကို ရှေ့ တန်းတင်ပြီး မမှန်ကန်တဲ့ လက်ခံဆောင်ရွက်မှုတွေ လုပ်ရင်တော့ ယခုလိုမျိုး လူမျိုးရေး ပဋိပက္ခတွေ ဘာသာရေး ပဋိပက္ခတွေဟာ စိုးရိမ်ဖွယ် ခေတ်အဆက်ဆက်မှာ မငြိမ်းနိုင်ဘဲ ဖြစ်မှာ မလွဲပါဖူး။

ဒီလိုဖြစ်လာနိုင်တာ ဖြစ်လာမှာ ဖြစ်လာအောင် သိသိကြီးနဲ့  ဆောင်ရွက်သူများကတော့ မဆလခေတ် တစ်ပါတီ အာဏာရှင် နေ၀င်းဆိုတာကို တိတိလင်းလင်း လက်ညှိုးထိုးရမှာဘဲ ဖြစ်ပါတယ်။ ဘာလို့  ဒီလိုပြောရတာလည်းဆိုရင် အာဏာရှင် နေ၀င်းလက်ထက်မှာ ကိုယ်တိုင်ကိုယ်ကျ အသက်ရှင်နေထိုင်ခဲ့ကြသူ ရဟန်းရှင်လူ ပြည်သူအပေါင်းက သိကြ ကြုံတွေ့ ကြရလို ဘဲ။ တိုင်းပြည်ကို လက်နက်အားကိုးပြီး ဖိနှိပ်ချူပ်ချယ်ဖို့  ဆောင်ရွက်တဲ့နေရာမှာ သွေးကွဲအောင် ဖြိုခွဲရေးလမ်းစဉ်ကို အဓိကကျင့်သုံးတဲ့ နေ၀င်းဟာ ကုလား-ရခိုင် အဓိကရုဏ်း ကုလား-ဗမာအဓိကရုဏ်း တရုတ်-ဗမာအဓိကရုဏ်းတွေကို ဖန်တီးခဲ့လို့ ဘဲ။ ဒီလိုဖြစ်မှ တပ်မတော်က ၀င်ရောက်ထိမ်းသိမ်းလိုက်ရပါသည်ဆိုတဲ့ နာမည်ကောင်းနဲ့  စစ်အာဏာရှင်စနစ်ကို အသက်တွေ တစ်သက်ပြီး တစ်သက်ဆက်လို့  ရလို့ ဘဲ ဖြစ်တယ်။ အဲ့ဒီလိုလို အာဏာရှင်အသက်ဆက်လို့  ရအောင် အသက်တွေ ပေးဆပ်လိုက်ရတဲ့တွေကတော့ ကိုယ့်လူမျိုး ကိုယ် စောင့်ရှောက်ဖို့  ကိုယ့်ဘာသာတရားကို ကိုယ်ကာကွယ်ဖို့ ဆိုပြီး အသက်ရင်းရဲကြတဲ့သူတွေရဲ့  အသက်တွေပါဘဲ။

အာဏာရှင် နေ၀င်းလက်ထက် မဆလပါတီလက်အောက်က ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ၀က) က ၁၉၇၂ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်မှာ တိုင်းရင်းသားလူမျိုးစာရင်းထဲမှာ ရိုဟင်ဂျာလို့  ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။ ထို့ အပြင် နေ၀င်းရဲ့  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုဌာနချုပ်ကနေ ၁၉၇၆ ခှုစ် ၊ဇန်နဝါရီလမှာ ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ စာအုပ်မှာလည်း ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ ထပ်မံပြီး ၁၉ရ၈ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံကျောင်းသုံးစာအုပ်ကော်မတီရဲ့  အထက်တန်းနဲ့  အ လယ်တန်းအဆင့် ကျောင်းသုံးစာအုပ်ဖြစ်တဲ့ မြန်မာနိုင်ငံ ပထဝီစာအုပ် စာမျက်နှာ ၈၆ မှာလည်း ရိုဟင်ဂျာကို ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။ ဒီလို အာဏာရှင် နေ၀င်းရဲ့  စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာ ကြည့်ပြီး နိုင်ငံတစ်နိုင်ငံရဲ့  သမိုင်းကြောင်း လူမျိုးတစ်မျိုးရဲ့  သမိုင်းကြောင်းတွေကို တိကျခိုင်လုံတဲ့ သက်သေအထောက်အထားမရှိဘဲ လက်လွတ်စပယ် ဆောင်ရွက်မှုဟာ အဲ့ဒီအချိန်ကနေ စပြီး ယနေ့ ယခုထိတိုင် ဒီဆိုးကျိုးကို အားလုံးသော ပြည်သူပြည်သားတွေ ခံနေရ ကြုံတွေ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နေ၀င်း သေသွားပေမယ့် ကျားရေကို ပြန်ပြီး အသက်သွင်းလိုကြသူတွေက ယနေ့ ဖြစ်ပျက်နေတဲ့ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကို ကြည့်ရင် ရင်နာစရာတွေနဲ့  ကျွန်တော်တို့  အားလုံး အသက်တွေ ပေးနေကြရတုန်းဆိုတာ ဆင်ခြင်မြင်တွေ့ ကြဖို့  အထူးအရေးကြီးနေပါတယ်။

နောက်ဆုံးကြတော့ ၁၉၆၂ ခုနှစ် ကနေ ၁၉၈၈ ခုနှစ်ထိ နှစ်ပေါင်း (၂၆) နှစ်ကျော် ကြာခဲ့တဲ့ ကာလအတွင်းမှာ ကုလားရော ဗမာရော ရခိုင်ရော တရုတ်ရော သေခဲ့ကြရတဲ့ အသက်တွေ မရေတွက်နိုင်အောင်ဘဲ။ ဒီလိုမျိုး ပုံစံတွေ ယခုလက်ရှိမှာ ထပ်မံပေါ်ပေါက်နေလို့  အဓိကတရားခံကို သိအောင် ပြောဆိုနေကြ ဖေါ်ထုတ်နေကြ၊ သက်သေပြနေကြတာကို အလေးထားနေရမှာမို့  အပြစ်မဲ့ကြတဲ့ ပြည်သူတွေ၊ ရိုးသားဖြူစင်ကြတဲ့ ကျွန်တော်တို့ ရဲ့  တိုင်းရင်းသားညီအကိုတွေ၊ မြေစာပင်ဖြစ်ကြရတဲ့ လူသားတွေအတွက် ဆုံးရှုံးသွားကြရတဲ့ သူတို့ ရဲ့  တန်ဖိုးရှိလှတဲ့ အသက်တွေအတွက် ကျွန်တော်တို့  ရင်ထဲက ခံစားမှုတွေကို နာကြင်ကြေကွဲစွာနဲ့  ခံစားနေရင်း ဒီလို ထပ်မဖြစ်အောင် ပိုမိုမဆိုးရွားအောင် တားဆီးနိုင်အောင် အမှန်တရားကို ဖေါ်ပြနိုင်အောင် ယုတ်မာစွာ ဖန်တီးနေကြသူတွေကို ဖေါ်ထုတ်နိုင်အောင် ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမှာလို့  ခံယူထားပါတယ်။

ယုတ်မာသူတွေ ဖန်တီးထားလို့  ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ အန္တရာယ်တွေနဲ့  ရင်ဆိုင်နေရတဲ့ လှေတစ်လှေကို စစ်မှန်သော စေတနာနဲ့  ကယ်တင်ခြင်းမဟုတ်ဘဲ တိမ်းမှောက်တော့မယ့်လှေကို ပိုပြီးလူးအောင် လှုပ်ပေးပြီး လှေပေါ်ပါသူတွေ အချင်းချင်း သတ်ဖြတ်ကာ ရေထဲကျ သေဆုံးအောင် လုပ်နေတဲ့ ကောက်ကျစ်ယုတ်မာ စီစဉ်ဆောင်ရွက်မှုမျိုးဖြစ်နေတာကြောင့် လှေပေါ်မှာ အသက်လုနေကြရတဲ့သူတွေအတွက် အားလုံး အသက်ဘေးက လွတ်မြောက်အောင်ဘဲ ကြိးစားရမှာပါ။ ဒီ ခံယူချက်ကိုဘဲ နစ်နေမန်းက ခံယူကျင့်သုံးပါတယ်။

အာဏာရှင်စနစ်နဲ့  အာဏာရှင်တွေကို အရင်ကရော ယခုရော နောင်ရော လုံးဝ လက်မခံပါဖူး။ အာဏာရှင်စနစ် သက်ဆိုးရှည်လာနိုင်မယ့် အဖြစ်အပျက်တွေ အကြောင်းအရာတွေကို လုံးဝ လက်မခံပါဖူး။

ကျွန်တော်တို့  မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်မှာ မှီတင်းနေထိုင်ကြသူ မြန်မာနိုင်ငံရဲ့  သစ္စာတရားကို စောင့်သိလိုက်နာကြသူများအားလုံး ဘေးဘယာ ဝေးကွာပါစေ။

လေးစားလျက် -

ကိုနစ် (နစ်နေမန်း)။



ဆက်စပ်ဖတ်ရှုရန် link _ ဘာသာရေးနဲ့  လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုး လှုံ့ ဆော်နေသော မီဒီယာ။ 

0 comments: