စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 11, 2012

သတင်း တိုတိုထွာထွာများစုစည်းမှု


ဓါတ်ပုံ _ Hmuu Zaw ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည်။

ရခိုင်ပြည်နယ်တွင်ဒုက္ခသည်ဦးရေ တစ်သောင်းကျော်အထိရှိလာ

ရန်ကုန်- ဇွန် ၁၁

ယခုရက်သတ္တပတ်အတွင်းရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျှက်ရှိသောအကြမ်း ဖက်မှု့များကြောင့်ပြည်နယ်တစ်ခုလုံးတွင်ဒုက္ခသည်ပေါင်း၁၂၀၇၄ဦးရှိသွား ပြီဖြစ်ကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှယနေ့မွန်းလွဲ၂နာရီအထိ ကောက်ခံထားသော စာရင်းများအရသိရသည်။ ပါတီတာဝန်ရှိသူများပြောကြားချက်အရဒုက္ခသည်ဦးရေမှာထပ်မံတိုးလာ ဖွယ်ရှိနေသေးပြီး မောင်တောမြို့နယ်တွင် ၃၈၇၄ဦး၊ စစ်တွေမြို့နယ်တွင် ၄၉၀၀ဦး၊ဘူးသီးတောင်တွင်၁၃၀၀ဦးနှင့်ရသေ့တောင်မြို့နယ်တွင်၂၀၀၀ဦးခန့်ရှိပြီးဒုက္ခသည်အများစုမှဘင်္ဂါလီလူမျိုးများ၏မီးရှို့ဖျက်ဆီးမည့် ရန်ကိုစိုးရိမ်ကြောက်ရွံ့ကာရွာများကိုစွန့်ခွာထွက်ပြေးလာသူများအများဆုံးဖြစ်သည်ဟုသိရသည်။ဒုက္ခသည်စခန်းအများစုကိုဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် အချို့နေရာများတွင် ရဲတပ်ဖွဲ့စခန်းများတွင်ဖွင့်လှစ်ထားသည်ဟု အဆိုပါပါတီမှသိရသည်။

+++++++++++++++++++++++++++++++++++++++++++++

ဂျပန်အစိုးရက Nippon Foundation အကြီးအကဲ Yohei Sasakawa ကို မြန်မာနိုင်ငံက လူနည်းစုတိုင်း ရင်းသားတွေကို အကူအညီပေးရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းလိုက်

ဂျပန်အစိုးရက Nippon Foundation အကြီးအကဲ Yohei Sasakawa ကို မြန်မာနိုင်ငံက လူနည်းစုတိုင်း ရင်းသားတွေကို အကူအညီပေးရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းလိုက် ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနကို ကိုးကားပြိး ကျိုဒိုသတင်းမှာ ရေးသားထားပါတယ်။ ''မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေကို အကူအညီပေးရေးကိစ္စအပေါ် ဂျပန်အစိုးရက အထူးကရုစိုက် လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ ခင်ဗျားရဲ့ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ အလိုရှိပါတယ်'' လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြိးက Nippon Foundation အကြီးအကဲ Sasakawa ကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အစိုးရအုပ်ချုပ်နေ ချိန်ကတည်းက Nippon Foundation ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ အလုပ်လုပ်ခဲ့ပြီး အထူး သဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေ၊ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီး ပေးတဲ့ အစီအစဉ်တွေမှာ ကူညီပေးခဲ့ပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++++

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အဲဒီဒေသမှာတာဝန်ထမ်းနေတဲ့ ကုလသမဂ္ဂ ၀န် ထမ်းတွေကို ရန်ကုန်မြို့ ဆီ ပြန်လည်ခေါ်ယူထား

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အဲဒီဒေသမှာတာဝန်ထမ်းနေတဲ့ ကုလသမဂ္ဂ ၀န် ထမ်းတွေကို ရန်ကုန်မြို့ ဆီ ပြန်လည်ခေါ်ယူထားတယ်လို့ ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ပြောဆိုကြောင်း ဇွန်လ(၁၁)ရက် ကျိုဒိုသတင်းမှာ ရေးသားထားပါတယ်။ ကုလသမဂ္ဂ၀န်ထမ်း (၄၀)ကျော်ဟာ သူတို့ရဲ့မိသားစု တွေနဲ့အတူ ရခိုင်ပြည်နယ်မှာနေထိုင်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုတော့ လုံခြုံရေးအခြေအနေကြောင့် အဲဒီဝန်ထမ်းအားလုံးကို ပြန်ခေါ်ထားကြောင်း ကျိုဒို သတင်းမှာ ရေးသားထားပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++

စစ်တွေ ကန်တော်ကြီးရေ သောက်မ၍ (၆) ဦးဆေးရုံတင်ထားရ

ည ၈နာရီ ၃၀ ၊ ဇွန် ၁၁၊ ၂၀၁၂ YPI

စစ်တွေ မြို့သောက်သုံးရေ ပေးဝေရာ ကန်တော်ကြီးရေ မသောက်ကြရန် သက်ဆိုင်ရာမှ ယနေ့နေ့လည် ၂ နာရီဝန်းကျင်တွင် သတိပေးထားသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

ကန်တော်ကြီးရေကန် ကို အဆိပ်ခတ်သည်ဟု သံသယရှိသဖြင့် ယခုလို မသောက်သုံးရန် တားမြစ် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။

ယခုလောလောဆယ်တွင် ယင်းရေသောက်မိပြီး ဆေးရုံသို့ တင်ပို့ထားရသူ (၆) ဦးရှိပြီဟုလည်း သိရသည်။

++++++++++++++++++++++++++++++++++++++++++++++++

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ မြန်မာနိုင်ငံသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဒေါက်တာ- စင်သီယာမောင်က ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲထားတဲ့ဒေသတွေမှာ အခြေအနေပိုဆိုး တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပေမဲ့ အကူအညီတွေ လိုအပ်နေဆဲလို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။ မဲဆောက်မြို့ က မယ်တော်ဆေးခန်းမှာ နှစ်စဉ် လူနာအရေအတွက် (၁၀) ရာခိုင် နှုန်းကနေ (၂၀)ရာခိုင်နှုန်းအထိ မှန်မှန်တိုးနေတယ်လို့ ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။ ဆေးခန်းစဖွင့်တဲ့ ၁၉၈၉-ခုနှစ်မှာ လူနာ နှစ်ထောင်လောက်ဘဲ ရှိခဲ့ပေမဲ့ အခု အနှစ်(၂၀)ကျော်အကြာ ၂၀၁၂-ခုနှစ်မှာတော့ လူနာ လေးသိန်းနှစ်သောင်းလောက် ဖြစ်လာတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

ရခိုင်နှင့် ဘင်္ဂလီ .. လူ (၄၀၀၀) နီးပါးထိပ်တိုက်တွေ့ဆုံတိုက်ခိုက်
တပ်မတော်မှ တာဝန်အတိုင်း သတိပေးတားမြစ်ခဲ့

ပေါက်တောမြို့ နောက်ဆုံးရသတင်းများ (ဇွန် ၁၁)
၁၆၃၀ နာရီချိန်တွင် ဘုံဝန်ချောင်းအနောက်ဝစုကျေးရွာမှ ဘင်္ဂါလီလူမျိုး (၁၈၀၀)ခန့်သည် ကပ်လျက် တည်ရှိသော ရပ်ကွက်(၄)မှ ရခိုင်တိုင်းရင်းသား (၂၀၀၀)ခန့်တို့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

ယင်းသို့ ထိပ်တိုက်ရင်ဆိုင်ချိန်တွင် ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သော်လည်း တား၍ မရခဲ့ပေ။ ၄င်းနောက် (၁၇း၀၀) နာရီချိန်တွင် တပ်မတော်ကို အုပ်ချုပ်မှုအာဏာလွှဲပြောင်းပေးခဲ့ရာ ယင်းအုပ်စု (၂)စု အကြားတွင် တပ်မတော်မှ တံတိုင်းကာ၍ စည်းများ သတိပေးပြောကြားကာ တားမြစ်ခဲ့သည်။ သို့သော်လည်း နှစ်ဘက်စလုံးမှ နောက်မဆုတ်ဘဲ တစ်ဘက်နှင့်တစ်ဘက် မီးရှို့ထားသော ဓါတ်ဆီ ပုလင်းများ၊ ခဲများဖြင့် ပစ်ခတ်ကာ ဆက်တက်လာခဲ့သည်။ နှစ်ဘက်စလုံးအား တက်မလာဘဲ နောက်ဆုတ်ကြရန် ထပ်မဲ ပြောကြားခဲ့သော်လည်း လက်မခံဘဲ တက်လာကြသဖြင့် တပ်မတော်မှ ပစ်ခတ်ရှင်းလင်းခဲ့သည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင်း ဘင်္ဂါလီလူမျိုး ၁၀ ဦး(၁ ဦးစိုးရိမ်ရ၊ ၉ ဦး မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား (၄)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။

++++++++++++++++++++++++++++++++++++++++++++++++++++

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းကြရန်၊ ပြုမူ၊ ပြောဆို၊ ရေးသားမှုများကို ငြိမ်းချမ်းရေး အတွက် ဦးတည်ဆောင်ရွက်ရန် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များက မေတ္တာ ရပ်ခံ ပန်ကြားချက်တစ်စောင် ထုတ်ပြန်

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းကြရန်၊ ပြုမူ၊ ပြောဆို၊ ရေးသားမှုများကို ငြိမ်းချမ်းရေး အတွက် ဦးတည်ဆောင်ရွက်ရန် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များက ယမန်နေ့ ဇွန်လ ၁၀ ရက် ရက်စွဲဖြင့် မေတ္တာ ရပ်ခံ ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို ပန်ကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

-
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်

လက်ရှိ ရခိုင်ပြည်နယ် ဒေသအချို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံ ပန်ကြားခြင်း

၁။ လက်ရှိဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် အပြစ်မဲ့ ပြည်သူများ ဒုက္ခရောက်လျက်ရှိသည့် အပေါ် ပြည်သူလူထုမှ စိုးရိမ်မကင်းနှင့် စိတ်မကောင်းကြီးစွာ ဖြစ်နေကြပါသည်။

၂။ မည်သူမဆို ပြုမူ၊ ပြောဆို၊ ရေးသားမှုများကို ငြိမ်းချမ်းရေးအတွက် ဦးတည်ဆောင်ရွက်ပေးစေလိုပါသည်။

၃။ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ ဘာသာတရား အဆုံးအမများနှင့် အညီ ငြိမ်းချမ်း စွာ အထူယှဉ်တွဲဖြေရှင်းနိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ဘဒ္ဒန္တ ပညာဇောတ


အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ


မြို့နယ်သြ၀ါဒစရိယဆရာတော်နှင့်


မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ


သရက်တောကျောင်းတိုက်


လမ်းမတော်မြို့နယ်


ရန်ကုန်မြို့။


အလ်ဟာဂ်ျမော်လာနာယူစွပ်


မြန်မာနိုင်ငံလုံးဆိုင်ရာ


အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

++++++++++++++++++++++++++++++++++++++++++++++++++++++++

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် မြန်မာနိုင်ငံကို ခရီးသွားမယ်ဆိုရင် အထူးသတိထားဖို့
ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသဆိုင်ရာအစိုးရက သတိပေး

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် မြန်မာနိုင်ငံကို ခရီးသွားမယ်ဆိုရင် အထူးသတိထားဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဟောင်ကောင်ကျွန်းသားတွေအနေနဲ့ ဒေသအခြေအနေကို မျက်ခြေမပြတ်လေ့လာကြဖို့ (Hong Kong Special Administrative Region Government) ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသဆိုင်ရာအစိုးရက ဇွန်လ(၁၁)ရက်နေ့က သတိပေးလိုက်ပါတယ်။ အထူးသဖြင့် မြန်မာ နိုင်ငံမှာရောက်နေတဲ့ ဟောင်ကောင်ကျွန်းသားတွေအနေနဲ့ ပြဿနာဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ခရီးမသွားဖို့ ဟောင်ကောင်ဒေသဆိုင်ရာ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က သတိပေးထားပါတယ်။ ဒါ့အပြင် ဟောင်ကောင်လုံခြုံရေး ဗျူရိုက မြန်မာနိုင်ငံရဲ့အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ရရှိတဲ့သတင်းအချက်အလက်တွေကို မီဒီယာ တွေနဲ့ လုံခြုံရေးဗျူရိုရဲ့ ၀က်ဆိုက်ကနေတစ်ဆင့် အသိပေးသွားမယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဟောင်ကောင် ကျွန်းပြင်ပကိုရောက်နေတဲ့ ဟောင်ကောင်ဒေသခံတွေအနေနဲ့ လုံခြုံရေးအရ အရေးပေါ်အကူအညီ လိုအပ်တယ်ဆိုရင် ဟောင်ကောင်-လူဝင်မှုကြီးကြပ်ရေးဌာန အရေးပေါ်ဖုန်း (852)1868 ကို အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ဟောင်ကောင်ဒေသဆိုင်ရာ အစိုးရက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

0 comments: