
ည ၇ နာရီ ၄၀ မိနစ်
မောင်တောမြို့နယ် ဒက်ရွာ၌ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ယနေ့ ည ၆ နာရီဝန်းကျင်က ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို မသိရှိရသေးပါ။
ည ၇ နာရီ ၄၁ မိနစ်
မောင်တောဒေသကို ထိန်းချုပ်နိုင်ရန်အတွက် မာရှယ်လော (ရာဇ၀တ် ကျင့်ထုံး ကိုဓ ဥပဒေ ပုဒ်မ ၁၄၄) ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ည ၇ နာရီ ၅၂ မိနစ်
လက်တလောအခြေအနေတွင် မောင်တောမြို့ထဲတွင် သေနတ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရခိုင်ရွာ ၁၇ ရွာကို ဘင်င်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယနေ့ညဖက်တွင် မည်ကဲ့သို့ အိပ်ရမည်ဆိုသည်ကို ဒေသခံရခိုင်လူမျိုးများ စိုးရိမ်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အဆက်အသွယ် မရရှိတော့၍ စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။
ည ၇ နာရီ ၅၈ မိနစ်
မောင်တောမြို့နယ် တောင်ပိုင်းရှိ သာရေကုန်းဘောင်ရွာအပါအ၀င် ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရှိရသေးပါ။
Welcome to SeekaHost
1 year ago










0 comments:
Post a Comment