မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့က ကျပ်ငါးသိန်းဖြင့် ရောင်းချ ပေးလျက်ရှိသော မိုဘိုင်းလ်ဖုန်းများကို အရစ်ကျ ငွေပေးချေမှု စနစ်ဖြင့် ရောင်းချပေးနေသော ဖုန်းဆိုင်အချို့က နိုဝင်ဘာ ၂၃ ရက်နေ့မှစတင်ကာ အရစ်ကျ ရောင်းချမှု ရပ်ဆိုင်းထားကြောင်း လူကြီးမင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ တာဝန်ခံ ဦးကိုကိုအောင် ကThe Voice Weekly သို့ပြောကြားသည်။
ယင်းသို့ရပ်ဆိုင်းရခြင်းမှာ အရစ်ကျ စနစ်ဖြင့် ဝန်ဆောင်ပေးနေသော ဆိုင် များတွင် ဝယ်ယူသူများပြားနေပြီး ရတနာပုံ တယ်လီပို့ကုမ္ပဏီမှ မိုဘိုင်းလ်ဖုန်းကတ် များ ရောင်းချပေးနိုင်မှု နည်းပါးနေသော ကြောင့်ဖြစ်ကြောင်း အဆိုပါဖုန်းဆိုင်များ ထံမှ သိရသည်။ ယင်းအပြင် ၄င်းတို့ဆိုင်တွင် ဝယ်ယူ သူများအနေဖြင့် ဘဏ်စာရင်းဖွင့်ရာ တွင် အခက်အခဲများရှိနေခြင်းကို ၄င်း တို့နှင့် ချိတ်ဆက်ထားသည့် ယူနိုက်တက် အမရာဘဏ်နှင့် ညှိနှိုင်းဆောင်ရွက် နေပြီး ပြန်လည်ရောင်းချမည့်အချိန်ကို မီဒီယာများတွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း Mr.Fone မှတာဝန်ခံက ပြောကြားသည်။
ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ဆောင် ရွက်လျက်ရှိသည့် Do Co Mo ဖုန်းဆိုင် တွင်မူ အရစ်ကျစနစ်ဖြင့် ဆက်လက် ရောင်းချနေပြီး ဖုန်းလျှောက်လွှာတင် ထားသူများတွင် ယနေ့အထိ ဖုန်းမရ သေးသော လျှောက်ထားသူ ၂၀ ဦး ကျန်ရှိသေးကြောင်း၊ ဖုန်းကတ်ချပေး မှုအရေအတွက် နည်းပါးမှုကြောင့် မိုဘိုင်းလ်ဖုန်း ဝယ်သူများသည် ယခင် ကဝယ်ယူရာတွင် နှစ်ရက်သာကြာမြင့် သော်လည်း ယခုအခါ ၁၀ရက်ကြာ အထိ စောင့်ဆိုင်းရကြောင်း ယင်းဆိုင်မှ တာဝန်ခံ ဦးကောင်းထူးနိုင်က ဆိုသည်။
လျှောက်ထားတာတွေ အခု ထိမရသေးဘူးလားလို့ ဝယ်သူတွေက လာပြောနေကြတယ်။ပြသနာတွေ ဆက်တိုက်ရှင်းနေ ရတယ်ဟု၎င်းက ပြောကြားသည်။ ငါးသိန်းတန် မိုဘိုင်းလ်ဖုန်းများရောင်း ချသည့်လတ်တလော ဈေးကွက်တွင် ဝယ်ယူသူများက ရန်ကုန်တွင် လိုင်းဆွဲ အားပိုကောင်းသည့် CDMA 800 Mhz ဖုန်းများ လျှောက်ထားသူများ သော်လည်း ယင်းဖုန်းနှင့် CDMA 450 Mhz ဖုန်းမှာ ငှားရမ်းအသုံးပြုခွင့် ပေးမှု နည်းပါးနေပြီး GSM ဖုန်းများသာ ပုံမှန်ငှားရမ်း အသုံးပြုခွင့်ပေးနေကြာင်း ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ဖုန်းများအရစ်ကျငွေပေး ချေစနစ်ဖြင့် ရောင်းချခြင်းကို ပုဂ္ဂလိက ဘဏ်များနှင့် ဖုန်းအရောင်းဆိုင်များ ချိတ်ဆက်ကာ နိုဝင်ဘာ လဆန်းတွင် စတင်ခဲ့ကြခြင်းဖြစ်သည်။
ဖူးဖူး
How to Get a Bonus in Pana365 Casino Bangladesh?
2 weeks ago
0 comments:
Post a Comment