စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 8, 2012

ထိုင်းရေနံကုမ္ပဏီ PTT Group မှ မြန်မာနိုင်ငံတွင် လောင်စာဆီ အရောင်းဆိုင်များ ဖွင့်မည်


Photo: PTT Group

ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီလုပ်ငန်းစုဖြစ်သည့် PTT Group က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ လောင်စာဆီ လက်လီအရောင်းဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီဟု ပြည်တွင်းမီဒီယာ Eleven News က Bangkok Post သတင်းစာအား ကိုးကားဖော်ပြသွားခဲ့သည်။
သတင်း၏အဆိုအရ PTT Group အနေဖြင့် နိုင်ငံတကာမှ နာမည်ကြီး ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း မရောက်ရှိလာမီ ဝင်ရောက်အခြေချရန် အချိန်ကောင်းဖြစ်သည်ဟု ယူဆနေကြောင်း သိရှိရသည်။
PTT  အနေဖြင့် လာမည့်နှစ်တွင် ဖွင့်လှစ်မည့် လောင်စာဆီလက်လီ အရောင်းဆိုင်များအတွက် ဆက်သွယ်ရေးကွန်ယက် အထောက်အပံ့ ဖြစ်စေရန် မြန်မာနိုင်ငံ၌ ၄င်းတို့ကုမ္ပဏီကို တစ်နှစ်အတွင်း လာရောက်အခြေချသွားမည်ဟု Chief Operating Officer ဖြစ်သူ Mr. Nuttachat Charuchinda က ပြောကြားခဲ့သည်ဟု သိရှိရသည်။
လက်ရှိအချိန်တွင် မြန်မာအစိုးရပိုင် Myanmar Petroleum Products Enterprise (MPPE) သည် ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ ၄င်း၏ လောင်စာဆီ အရောင်းဆိုင်ပေါင်း ၄၀၀ ကျော်ကို ရောင်းချခဲ့ကာ ၁၂ ခုကိုသာ အစိုးရပိုင်အဖြစ် ဆက်လက်ထားရှိခဲ့သည်။
မြန်မာနိုင်ငံမှာ အဓိက ကုမ္ပဏီအမှတ်တံဆိပ်ကြီးတွေ မရောက်သေးပါဘူး။ ဒါ့ကြောင့် PTT အနေနဲ့ အခြေချဖို့ အခွင့်ကောင်းပါပဲ” ဟု Mr.Charuchinda က ပြောကြားခဲ့သည်ဟု သိရှိရသည်။
PTT ကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိသွားပြီဖြစ်သည်။ ထိုင်းနိုင်ငံ၏ PTT ကုမ္ပဏီသည်လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့တွင်လည်း လောင်စာဆီဆိုင် ၂၀ မှ ၃၀ ခန့် ဖွင့်လှစ်ထားပြီး ဖိလစ်ပိုင် နိုင်ငံတွင်လည်း ဆိုင်အနည်းငယ် ဖွင့်လှစ်ထားသည်ဟု ဆိုသည်။ 
“မြန်မာနိုင်ငံမှာ တစ်ဦးချင်း လောင်စာဆီသုံးစွဲမှုက သိပ်နည်းနေသေးတော့ မြန်မာဈေးကွက်ကို ကျွန်တော်တို့က အလားအလာ အများကြီးရှိတဲ့ ဈေးကွက်လို့ မြင်ထားပါတယ်။ မြန်မာနိုင်ငံမှာ လောင်စာဆီသုံးစွဲမှုက ထိုင်းနိုင်ငံနဲ့ယဉ်ရင် အဆ ၃၀ လောက် နည်းနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ စီးပွားရေး ထူထောင်ဖို့ နေရာလပ်အများကြီး ရထားသလို ဖြစ်နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်ဟု ဖော်ပြပါရှိသည်။

သတင်းအသေးစိတ်အား ဆက်လက်ဖတ်ရှုရန် အောက်ပါလင့်ခ်အား နှိပ်ပါရန် -

---


Source: Eleven News/Bangkok Post

0 comments: