စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 3, 2012

ပို့ဆောင်ရေးဝန်ကြီး၊ဆန်းဖားနှင့်မြန်မာ့လေကြောင်း



ပြုပြင်ပြောင်းလဲမှုများနှင့်အတူပြည်ပနိုင်ငံများ၏စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့်
ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဈေးကွက်အလားအလာကောင်းမွန်လာနိုင်မည်ဟုသုံးသပ်ခဲ့ကြပါသည်။
ဒီအချိန်မှာပဲမြန်မာ့လေကြောင်းကိုစီးပွားရေးဆန်ဆန်လုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နှင့်နှစ်
ပေါင်းများစွာပြည်သူအတွက်အရှုံးခံပြေးဆွဲခဲ့တဲ့မြန်မာ့လေကြောင်းရဲ့တွက်ချေကိုက်တဲ့ခရီးစဉ်တော်
တော်များများကို..ဆန်းဖားခရီးသွားလုပ်ငန်းကိုစင်းလုံးငှားအဖြစ်ပေးလိုက်ပြီးမကိုက်တဲ့ခရီးစဉ်တွေကို
မြန်မာ့လေကြောင်းကပဲပြည်သူ့အခွန်ကနေအရှုံးခံပြီးဆက်ဆွဲနေရပါတယ်။မော်လမြိုင်-ထားဝယ်-မြိတ်
ကော့သောင်းညအိပ်ခရီးစဉ်ကိုမြန်မာ့လေကြောင်းတစ်ခုပဲပျံသန်းခွင့်ပြုမည်ဆိုပြီးစာထွက်လာပါတယ်
ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးက..ကျွန်တော်တို့အရှုံးခံလုပ်နေတဲ့သူတွေကို
ပြန်မကြည့်တော့ဘုးဗျာဟုစိတ်ပျက်လက်ပျက်ပြောကြားခဲ့ပါသည်။

` ဆန်းဖားရဲ့ပိုင်ရှင်ဦးသန်းဦးက..မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်းမှတဆင့်ဝန်ကြီးဦး
ဥာဏ်ထွန်းအောင်နှင့်ရင်းနှီးခဲ့ပြီး ယခုအခွင့်အရေးကိုအရယူနိုင်ခဲ့ပါတ.ယ်။ဦးသန်းဦးဟာတစ်ရုပ်လူမျိုး
ဖြစ်ပြီးလေကြောင်းလိုင်းလုပ်ငန်းမှာအမြတ်သေချာတဲ့လက်မှတ်အရောင်းကိုယ်စာလှယ်လုပ်ငန်းကိုသာ
ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
မြန်မာ့လေကြောင်းမှဝန်ထမ်းတစ်ဦးက..ဒို့ဝန်ကြီးကဒီငါးနှစ်ပြီးရင်တောပြန်မယ်လို့ပြောထား
တော့အပြီးတစ်ခါထဲရိုက်နေတာကွ...လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာလည်း
ဝန်ကြီးသမီးက Forwarderလုပ်နေလို့ငါတို့ဝန်ထမ်းတွေလဲဂွင်ပျက်ပြီးထမင်းငတ်နေတယ်..ငါတို့တင်လား
ပိုင်ပါတယ်ဆိုတဲ့..ဦးတေဇလိုလူတောင်..၀န်ကြီးနဲ့ဦးတင်မောင်ထွန်းကိုရှယ်ယာမပေးလို့..သူ့ MCS(Mingalardon Cargo Service) ကြီးဒေါ်လာလေးငါးသန်းအကုန်ခံပြီးဒီအတိုင်းပဲထားနေရတာ
ဟုပြောဆိုသွားပါသည်။

ဝန်ကြီးဦးဥာဏ်ထွန်းအောင်ဟာအပြင်ဗန်းအေးဆေးပုံရပြီး..လောဘကြီးသူတဏှာကြီးသူတစ်ဦး
ဖြစ်ကြောင်းသိရှိရပါသည်။ Cambodia နိုင်ငံမှာကျင်းပခဲ့တဲ့ 17th ASEAN Transport Minister Meeting
ကျင်းပနေတုန်း Sofitel Phnom Penh Hotel မှာမဒီကညာတစ်သိုက်နဲ့ပျော်ပါးနေတာကိုမျက်ဝါးထင်
ထင်တွေ့ခဲ့ရသူ Cambodia နိုင်ငံသားကပြောပါတယ်။ ၀ါသနာပါတာပါတာပေါ့အခုလိုနိုင်ငံကိုယ်စား
ပြုအစည်းအဝေးမှာတော့မလုပ်သင့်ပါ။ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလကဖြစ်ပြီး ၀န်ကြီးနှင့်ပျော်ပါးခဲ့သူမိန်း
ကလေး၏အမည်မှာ Miss Kunthea ဖြစ်ပါတယ်။
သမ္မတကြီးကိုသိစေခြင်ပါသည်။နိုင်ငံသိက္ခာကိုတောင်ဂရုမစိုက်ခဲ့တဲ့လူမျိုးအစိုးရအဖွဲ့ထဲရှိနေ
တာကိုပါ။

 Freedom News Group(Burma)

0 comments: