စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 2, 2012

သတင်းကွန်ယက် ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပြီ


(ဓါတ်ပုံ အဘဥက္ကာကိုကို ဖေ့စ်ဘွတ် စာမျက်နှာ)


လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ်-ကွန်ယက် (MJN)ရဲ့ပထမဦးဆုံး အကြိမ်ညီလာခံကို ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီးလုပ်ငန်းကော်မီတီတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

သတင်းထောက်(၁၀၀)ကျော် တက်ရောက်တဲ့ ဒီညီလာခံကနေ အဖွဲ့ဝင်(၁၇)ဦးပါတဲ့ ကော်မီတီကို ဖွဲ့စည်းခဲ့တာပါ။

ဒီကွန်ယက် အနေနဲ့ အချက်(၃)ချက်ပေါ် အခြေခံပြီး သတင်း သမားတွေအကျိုးအတွက်လုပ်ဆောင်သွားမှာပါလို့ မြန်မာဂျာနယ်လစ်-ကွန်ယက်ရဲ့ ဦးဆောင် အလုပ်ကော်မတီမှာအရွေးချယ်ခံရသူ ကိုဥက္ကာကိုကိုက RFAကို ပြောပါတယ်။

မြန်မာဂျာနယ်လစ်-ကွန်ယက်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက
စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အခုဆိုရင် သက်တမ်း (၈)လ ရှိခဲ့ပြီလို့ ကွန်ယက်တာဝန်ရှိသူတွေက ပြောပါတယ်။

0 comments: