စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 10, 2012

သတင်း တိုတိုထွာထွာများ စုစည်းမှု..


DVB TV News
လက်ရှိ ဦးသိန်းစိန်အစိုးရကသာ တကယ်ငြိမ်းချမ်းရေး လုပ်ချင်တယ် ဆိုရင် စစ်တိုက်တာတွေ ရပ်ဆိုင်းပြီး အကျဉ်းထောင်တွင်းက ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ပြောကြားလိုက်ပါတယ်၊ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်



======================================================
 Asia World လို့အမည်ပေးထားတဲ့ မြန်မာဘောလီဘောအသင်းဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာကျင်းပမဲ့ ၂၀၁၂ အာရှအမျိုးသားကလပ်ချန်ပီယံပွဲကို သွားရောက်ယှဉ်ပြိုင်မည်
 Asia World လို့အမည်ပေးထားတဲ့ မြန်မာဘောလီဘောအသင်းဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာကျင်းပမဲ့ ၂၀၁၂ အာရှအမျိုးသားကလပ်ချန်ပီယံပွဲကို သွားရောက်ယှဉ်ပြိုင်မဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ ဆင်ဟွာသတင်းမှာ ရေးထားပါတယ်။ အဲဒီပွဲကို ဇွန်လ (၃၀) ကနေ ဇူလိုင်လ (၈) ရက်နေ့ကျင်းပမှာဖြစ်ပါတယ်။ မြန်မာဘောလီဘော အသင်းဟာ အုပ်စု (B) မှာပါဝင်ပြိး အီရန်၊ ကာတာ၊ ဥဇဘက်ကစ္စတန်အသင်းတွေနဲ့ အရင်ဆုံးယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။
======================================================
သူရဥိးရွှေမန်း ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော်အမတ်အဖွဲ့ဟာ မေလ (၁၀) ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ရှိ အီးယူပါလီမန်ကို သွားရောက်လည်ပတ်
 
ဥရောပနိုင်ငံတွေဆီ လေ့လာရေးခရီးထွက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဥိးရွှေမန်း ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော်အမတ်အဖွဲ့ဟာ မေလ (၁၀) ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ရှိ အီးယူပါလီမန်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာ အီးယူ-ဥရောပသမဂ္ဂဥက္ကဌ Herman Van Rompuy နဲ့ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ Catherine Ashton တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သူရ ဦးရွှေမန်းနဲ့အဖွဲ့ဟာ ဒီခရီးစဉ်အတွင်း လွှတ်တော်ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီနဲ့ အတိုက်အခံတွေရဲ့ အခန်း ကဏ္ဍဆိုတာတွေကို လေ့လာဖို့ စီစဉ်ထားပါတယ်။ အီးယူပါလီမာန်ဥက္ကဌ Martin Schulz ကတော့ မြန်မာ လွှတ်တော်အမတ်အဖွဲ့နဲ့ စကားပြောကြည့်ချက်အရ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်လုပ်မယ်လို့ ယူဆရပါတယ်လို့ ပြောကြားခဲ့ကြောင်း ဘရပ်ဆဲလ်ကပေးပို့တဲ့ AFP သတင်းမှာ ရေးသားထားပါတယ်။
======================================================
ပိုလန်နိုင်ငံခြားရေးဝန်ကြီး နဲ့ ၈၈ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဟာ ပိုလန် နိုင်ငံခြားရေး ၀န်ကြီး Mr. Radosław Sikorski နဲ့  ဒီကနေ့ နေ့ခင်းက ရန်ကုန် ဆီဒိုးနား ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ပိုလန် အစိုးရရဲ့ သဘောထားအမြင်တွေ နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒီကနေ့တွေ့ဆုံပွဲကို ကိုမင်းကိုနိုင် ၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၈ ဦးတက်ရောက် ခဲ့ကြပါတယ်။

ဒီကနေ့ နေ့ခင်းမှာဘဲ Freedom House အဖွဲ့ က ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ ကိုဂျင်မီ နဲ့ ကိုဌေးကြွယ်တို့ကို လာရောက်တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ သူတို့ရဲ့ မိသားစုတွေဘ၀တွေ ကို ပြန်လည်ကုစားရေးတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ မနက်မှာဘဲ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဆွီဒင်အခြေစိုက် NGO အဖွဲ့အစည်းတခုဖြစ်တဲ့ OLOF-PALME Center အဖွဲ့က လာရောက်တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေ ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နော်ဝေး ၀န်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲနဲ့ တွေ့ ဆုံဆွေးနွေးကြကြောင်း လဲ သိရပါတယ်။
 ===================================================
 မြန်မာအစိုးရအနေနဲ့ တိုင်းပြည်တိုးတက်ဖို့အတွက် မူဝါဒတွေကိုပြောင်းလဲဖို့ လိုအပ်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့-IMF က ပြောကြား
မြန်မာအစိုးရအနေနဲ့ တိုင်းပြည်တိုးတက်ဖို့အတွက် မူဝါဒတွေကိုပြောင်းလဲဖို့ လိုအပ်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့-IMF က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ IMF အဖွဲ့အကြီးအကဲ Meral Karasulu က မြန်မာအစိုးရဟာ စီးပွားရေးတိုးတက်အောင် စလုပ်နေပါတယ်။ မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှု တွေသာ ဆက်လုပ်မယ်ဆိုယင် မြန်မာပြည်သူတွေ လူနေမှုအဆင့်အတန်းမြင့်အောင် လုပ်ပေးနိုင်မဲ့ သမိုင်းဝင် အခွင့်အရေးမျိုးလည်း မြန်မာအစိုးရမှာရှိနေပါတယ်လို့  ပြောကြားခဲ့ကြောင်း The Saigon Times Daily သတင်းမှာ ရေးသားထားပါတယ်။
===================================================
 နိုင်ငံတော် သမ္မတ ဦးဆောင်မည့် ငြိမ်းချမ်းရေး ဗဟိုကော်မတီ ဖွဲ့စည်း

နှစ်ပေါင်း ၆၀ ကျော် ကြာအောင် ဖြေရှင်းမရဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုင်ငံတော် သမ္မတကြီး ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြေညာချက် အမှတ် ၁၂/ ၂၀၁၂ ဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်ထားကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးနှင့် ပြည်ထောင်စု ဝန်ကြီးတစ်ဦးက ပြောကြားသည်။
 
The Voice
 ===================================================
 မန္တလေးကနေ ကျောက်ဆည်ကို ဆိုင်ကယ်နဲ့ကျောင်းသွားတက်တဲ့ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦး ပြီးခဲ့တဲ့ဇန်န၀ါရီလ ၁၆ ရက်နေ့က ယဉ်တိုက်မှုဖြစ်
မန္တလေးကနေ ကျောက်ဆည်ကို ဆိုင်ကယ်နဲ့ကျောင်းသွားတက်တဲ့ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦး ပြီးခဲ့တဲ့ဇန်န၀ါရီလ ၁၆ ရက်နေ့က ယဉ်တိုက်မှုဖြစ်ပြီး ဥိးနှောက်နဲ့ အာရုံကြောကို ထိခိုက်ခဲ့ပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ယဉ်တိုက်မှုနဲ့ပတ်သက်ပြိး အခုအချိန်ထိ တစုံတရာ အရေးမယူဘူးလို့ သိရပါတယ်။ အဲဒီမိန်းကလေးဟာ ကျောက်ဆည်နည်းပညာတက္ကသိုလ် ပထမနှစ် မြို့ ပြအင်ဂျင်နီယာဘာသာရပ်ကဖြစ်ပြီး ယဉ်တိုက်မှုကြောင့် မန္တလေးဆေးရုံကြိး ဦးနှောက်နဲ့အာရုံကြောဌာနမှာ ကုသမှုခံယူခဲ့ရပါတယ်။ ယဉ်တိုက်မှုက ရရှိတဲ့ဒဏ်ရာကြောင့် ပညာဆက်မသင်နိုင်တော့ဘဲ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ အခု ၅-လကြာတဲ့အထိ အဲဒီယဉ်တိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အပစ်ရှိသူကို အခုချိန်ထိ အရေးမယူသေးကြောင်း ကျောက် ဆည် နည်းပညာတက္ကသိုလ် ကျောင်းသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 =====================================================
နေပြည်တော်မြို့သစ်တည်တုန်းက ဖယ်ပေးခဲ့ရတဲ့ရွာသားတွေရဲ့အိမ်တွေ ထပ်မံဖယ်ရှားခံရ
အေးနိုင် DVB - 10.05.2012

နေပြည်တော်အပိုင် ဥတ္တရသီရိမြို့သစ်တည်စဉ်က ရွာကနေပြောင်းရွေ့ပေးခဲ့ရတဲ့ရွာသားတွေဟာ စည်ပင်သာယာနယ်နမိတ်ကိုကျူးလွန်တယ်ဆိုပြီး အိမ်တွေကို ဖျက်ဆီးနေတာကြောင့် နေစရာအခက်ကြုံနေကြပါတယ်၊

ဥတ္တရသီရိမြို့သစ်တည်ဖို့အတွက် စစ်အစိုးရလက်ထက်က နယ်မြေခံ ဒိုးနွယ်ရွာသားတွေကို ပြောင်းရွှေ့ခိုင်းပြီး နေရာသစ်မှာ ချပေးခဲ့ပါတယ်။ အခုအခါ နေပြည်တော်စည်ပင်သာယာက အဲဒီနယ်မြေတွေဟာ စည်ပင်သာယာနယ်မြေဖြစ်တယ်ဆိုပြီး ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီမနက်မှာတော့ ရွာသားတွေရဲ့အိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။ အခင်းဖြစ်ပြီး ဆယ်မိနစ်ခန့်အကြာမှာ အဲဒီနေရာကိုေ၇ာက်ရှိသွားတဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဒီကိစ္စကို လူသားချင်းစာနာနဲ့ရှုထောင့်က စဉ်းစားပြီး ဖျက်ဆီးတာကို ရပ်တန့်ဖို့ ကြိုးပမ်းနေပါတယ်၊

စည်ပင်သာယာရုံးထဲကို ရောက်နေတဲ့ ဦးမင်းသူကို ကိုအေးနိုင်က မေးထားပါတယ်။

နောက်ဆက်တွဲသတင်း-
အထက်ပါ သတင်းအားသွားရောက်သတင်းယူနေသော ဒီဗွီဘီ သတင်းထောက်ထံမှ ကင်မရာအား ဥတ္တရ သီရိ မြို့ နယ် စည်ပင်အုပ်ချုပ်ရေးမှူးများ မှ လုယူခဲ့ပါသည်။

ထိုကိစ္စအား လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ၀င်ရောက်ဖြေရှင်းသဖြင့် ပြန်လည်ရယူ နိုင်ခဲ့ပြီး နားလည်မှု ပြန်လည်ရရှိ ခဲ့ပါသည်။
 


0 comments: