စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 10, 2012

မကွေးအမှတ်(၁)ရဲစခန်းတွင် အချုပ်သားတဦးအား ရိုက်နှက်ညင်းပန်းနှိပ်စက်ပြီး အမှုဝန်ခံခိုင်း..။




ယနေ့ မနက်(၁ဝးဝဝ)နာရီခန့်က မကွေးအမှတ်(၁)ရဲစခန်းတွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်တစ်ခု ယနေ့ ( ၁ဝ.၅.၂ဝ၁၂ )ကြာသာပတေးနေ့ မနက်(၁ဝးဝဝ)ခန့်က မကွေးအမှတ်(၁)ရဲစခန်း အချုပ်ခန်း အမှတ်(၂)
တွင် အချုပ်ခံထားရသူ မောင်ပိုင်အောင်ချစ် (သ)၁၇ နှစ်အား ပြစ်မှုပုဒ်မ(၃၈ဝ)ဖြင့် တရားစွဲဆို ခံထားရသူဖြစ်ပါသည်။

အမှုရင်ဆိုင်နေစဉ်တွင် အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ်ဝင်းမျိုးသန့်ဆိုသူ သည်အခြားအမှုတစ်မှု အား ဆက်လက်စစ်ဆေးရန် ရှိသည်ဟုဆိုကာ အချုပ်ခန်းအတွင်းမှ စစ်ကြောရေးခန်းသို့ ခေါ်ဆောင်ကာ လက်တော့ကွန်ပျူတာ အား မင်းခိုးတာလားဟု ဆိုကာစစ်ဆေးမေးမြန်းခဲ့ပါသည်။

မောင်ပိုင်အောင်ချစ်မှလည်း ကောင်းမွန်စွာဖြင့်ပင် ၄င်းမခိုးမိကြောင်းနှင့် မြင်တောင်မမြင်ဘူးကြောင်း ရှင်းပြပြောဆိုပါသည်။သို့သော်လည်း နောက်ပိုင်းတွင် ဒုရဲအုပ်ဝင်းမျိုးသန့် ဆိုသူမှ မင်းညာနေတာမဟုတ်လားဟုဆိုကာ သူစီးလာသည့် သားရေဖိနပ် ဖြင့် မောင်ပိုင်အောင်ချစ်၏ ဦးခေါင်း၊ပါး ၊လည်ပင်း နှင့် နောက်ကျောတို့အား ရိုက်နှက်ခဲ့ပါသည်။

မောင်ပိုင်အောင်ချစ်မှလည်း မိမိ မသိကြောင်းကိုပြောဆိုခဲ့ပါသည်။သို့သော်လည်း ဒုရဲအုပ်ဝင်းမျိုးသန့်မှ ဝါးလုံး ဖြင့် မောင်ပိုင်အောင်ချစ်၏ ချေသလုံးပေါ်ကို တက်ဖိနင်းခဲ့ပါသည်။ထို့နောက် ဤဝါးလုံးဖြင့်ပင် မောင်ပိုင်အောင်ချစ်၏ ခြေဖဝါးအား (၁၅)ချက်ခန့် ရိုက်နှက်ခဲ့ပါသည်။နာကျင်လွန်းသဖြင့် ဟစ်အော်အကူအညီ တောင်းခံခဲ့သော်လည်း ကျန်အချုပ်သားများသည်လည်း မည်သို့မျှမတတ်နိုင်ကြသဖြင့် ညိမ်နေခဲ့ရပါသည်။

ထိုသို့ အမှုအား ဇွတ်အတင်းဝန်ခံခိုင်း၊ဝန်မခံ၍ ရိုက်နှက်šညှင်းပန်းနှိပ်စက်နိုင်သည့် အခွင့်အရေး မည်သည့်ဝန်ထမ်းသို့ အပ်နှင်းထားပါသနည်း။ရဲလုပ်ငန်း စုံစမ်းစစ်ဆေးခြင်းများမပြုဘဲ အလားတူပြစ်မှုဖြင့် အချုပ်ကျ အမှုရင်ဆိုင်နေရသူ တစ်ဦးအား ဒါလည်းကျွန်တော်ခိုးတာပါ ဟု ဇွတ်အတင်းရိုက်နှက်ဝန်ခံခိုင်းပြီး အမှုတည်ဆောက်၍ ရပါသလား။ထိုသို့ ဥပဒေမဲ့လုပ်ရပ်များအား သက်ဆိုင်ရာအကြီးအကဲများမှ တဆင့်တဆင့် ကွပ်ကဲထိမ်းချုပ်၍ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအကူအညီတောင်းခံပါသည်ခင်ဗျာ။

တာဝန်သိပြည်သူတစ်ဦး

0 comments: