စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 21, 2012

မြစ်ဆုံရေကာတာကိစ္စ စီပီအိုင် ဆက်လက်ကြိုးပမ်းနေတယ်လို့ ကချင်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ပြော




တရုတ်အစိုးရပိုင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း (CPI) ဟာ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းပြန်သက်ဝင်လှုပ်ရှားဖို့ နိုင်ငံတကာရေကာတာကြီးများ တည်ဆောက်ရေးလုပ်ငန်း ICOLD (အိုင်ကိုးဒ်) အကူအညီရယူဖို့ ကြိုးပမ်းနေတယ်လို့ KDNG ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဒီနေ့ ပြောပါတယ်။

ပြင်သစ် အခြေစိုက် အိုင်ကိုးအဖွဲ့မှာ အဖွဲ့ဝင် နိုင်ငံ ၉၀ ရှိပြီး အဖွဲ့ ဥက္ကဌဟာတရုတ်နိုင်ငံသားဖြစ်ပြီးဒီအဖွဲ့ဟာ ရေကာတာဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အဓိက စည်းရုံးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အိုင်ကိုးလ်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အစိုးရပိုင် (CPI) ဟာ အိုင်ကိုးနဲ့ အတော်လေးနီးစပ်တယ်လို့ သိရပါတယ်။

(CPI)နဲ့မူးယစ်ရာဇာ လောစစ်ဟန်ရဲ့သားဦးထွန်းမြင့်နိုင်ပိုင် အေရှားလ်ဝေါလ် ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဟာ လုံးဝ လုံခြုံစိတ်ချရပြီး အကျိုးကျေးဇူးရှိတဲ့အကြောင်း သက်သေထူဖို့ အိုင်ကိုးလ်ဟာ ဧရာဝတီမြစ်ဆုံရေကာတာကို သီးခြား အလွတ်သဘော စစ်ဆေးနေတယ်လို့ တရုတ်သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထုတ်ပြန်ထားတာရှိတယ်လို့လည်း KDNG က ပြောပါတယ်။
RFA Burmese

0 comments: