စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 21, 2012

ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်လောက်က အရပ်သားတွေကို ရိုက်နှက်

(အရိုက်ခံရသော လူငယ်တစ်ဦး ခေါင်းတွင် ဒါဏ်ရာရသောပုံဖြစ်သည်)

မင်္ဂလာဒုံမြို့နယ်ပတ္တမြားမြို့သစ်မှာရဲတပ်ရင်း၈ကရပ်ကွက်နေလူငယ်တွေကိုဝင်ရောက်ရိုက်နှက်ခဲ့တဲ့ကိစ္စကို
 ပြည်ထဲရေးဝန်ကြီးနဲ့လူ့အခွင့်ရေးကော်မစ်ရှင်တွေကိုဒီကနေ့စာပို့တိုင်တန်းလိုက်ကြောင်းပတ္တမြားမြို့ခံ
 တွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ပတ္တမြားမြို့သစ် စိန်သပြေလမ်းမပေါ်မှာရှိတဲ့ အရက်ဆိုင် နဲ့ ရက်ကွက်တွင်းမှာ ရှိတဲ့လူငယ်တွေကို ယခင်လုံထိန်းခေါ် ရဲ တပ်ရင်း ၈ က အင်အား ၅၀ ကျော်လောက်နဲ့ ၀င်ရောက်ရိုက်နှက် ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးရိုက်နှက်ခံရသူလူငယ်တွေကမင်္ဂလာဒုံရဲစခန်းမှာအမှုဖွင့်တိုက်ကြားထားသလို၊ဒီကနေ့
 ပြည်ထဲရေးဝန်ကြီးဌာနနဲ့လူ့အခွင့်ရေးကော်မစ်ရှင်တွေကိုလဲတိုင်တန်းဖို့လုပ်ဆောင်ခဲ့ကြောင်း
 ဒေသခံလူငယ် တစ်ဦးကပြောပါတယ်။

မေလ ၁၆ ရက်နေ့က ရဲ တပ်ရင်း ၈ က ရဲတပ်သား ၂ ဦးနဲ့ ရပ်ကွက်နေ လူငယ်တွေစကားများခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ ရဲ တပ်ရင်း ၈ ကစနစ်တကျအမိန့်ပေးပြီး ရပ်ကွက်တွင်းရှိလူငယ်တွေကို ရိုက်နှက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အခုလိုရဲတပ်ဖွဲ့ဝင်တွေကရပ်ကွက်အတွင်းရုန်းရင်းဆန်ခတ်ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် ပုဒ်မ ၃၂၅ နဲ့ မင်္ဂလာဒုံ ရဲစခန်းမှာ အရိုက်နှက်ခံရသူ လူငယ်၎ ဦးက အမှုဖွင့်တရားစွဲဆိုထားကြောင်းလည်းသိရပါတယ်။

RFA Burmese
 

0 comments: