စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 22, 2012

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် မှ စမ်းချောင်း ဂွဈေး မီးလောင်ပြင်သို့ ကိုယ်တိုင်သွားရောက်ပြီး ဈေးသူဈေးသားများအားမေးမြန်းလေ့လာ




စမ်းချောင်း ဂွဈေး မီးလောင်ပြင် ပါ။ မြင်လိုက်ရသူတွေ အပြောအရတော့ လျှပ်စစ်ဝါယာရှော့ဖြစ်သည်မှာ မဟုတ်နိုင်ကြောင်း ပန်းတက်လာသည့် မီးလုံးမှိုပွင့်နှင့်အတူ အလျင်အမြန် နေရာအနှံ့သို့ ရုတ်ခြည်း ကူးစက်သွားသည်မှာ အလွန်ထူးဆန်းနေပါကြောင်း

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် မှ စမ်းချောင်း ဂွဈေး မီးလောင်ပြင်သို့ ယနေ့ကိုယ်တိုင်သွားရောက်ပြီး မီးဘေးသင့် ဈေးသူဈေးသားတို့ အရေးကို မေးမြန်းလေ့လာခဲ့သည်။ အရေး တကြီး ၀ိုင်းဝန်း လုပ်ဆောင်ပေးဖို့လိုနေသည်မှာ မီးဘေးသင့် ဈေးသူဈေးသာ...းတို့ စားဝတ်နေရေး အတွက် အမြန်ဆုံ ဈေးရောင်းခွင့် ရရေးပင်ဖြစ်သည်။

သူတို့ အားလုံးသည် ထိုဈေးရောင်းခြင်းမှ ရသော ၀င်ငွေကို မှီခိုနေရသူများဖြစ်သည်။ နိုင်ငံတော် အစိုးရ အနေဖြင့်  နိုင်ငံသားတို့ စားဝတ်နေရေးနှင့် ဘ၀ရပ်တည်ရေးကို အဆောတလျင် ဖြေရှင်းပေးသင့်သည့် အပြင်၊ ထူးဆန်း တိုက်ဆိုင်စွာပင် တလတကြိမ် မှန်မှန် လောင်နေသော ရန်ကုန်မြို့မှ ဈေးမီးများအကြောင်း သေချာစွာ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စီစစ်သင့်ပါကြောင်း။

ယနေ့အချိန်မှာမတရားမှုတို့နှုတ်ငုံတော်မဆောင်နိုင်ပဲဟိုမှသည်မှပွင့်အံထွက်ပေါ်ဖြေချလာသည့်အချိန်ဖြစ်
ရာထူးဆန်းစွာပင်ညဉ့်လူခြေတိတ်ချိန်တိုင်းလောင်နေကျဖြစ်သော ဈေးမီးများ မီးလောင်ပြင်ကို အထပ်မြင့် ဈေးကြီးများ ဆောက်ရန် အသင့်ဖြစ်နေသောစီးပွားရေးခရိုနီကြီးများ၊ ပင်ရင်း ဈေးသူဈေးသားများ မူလ နေ၇ာ ပြန်မရသေးသော သင်္ဃန်းကျွန်းဈေးနှင့် ဆင်မလိုက်ဈေး သစ်များ အကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်တိုင်း လျှပ်စစ်ဝါယာရှော့ဖြစ်သည်ဆိုကာ ကံဆိုးသူ မောင်ရှင်ဖြစ်မည့် ဈေးဆိုင်ပိုင်ရှင် တဦးဦး ဘာမှန်း မသိ ဘယ်သူ မီးတင်ရှို့မှန်း မမြင်ပဲ အချောင်သက်သက် ထောင်နန်းစံနေရ သော ပုံစံတူ ဈေးမီးလောင်မှု အခင်းများကို သေချာစွာ စီစစ် မေးမြန်းဖေါ်ထုတ်သင့်နေပြီဖြစ်ပါကြောင်း ......

သေချာလာသည်မှာ မြန်မာလူထုတို့ကို အ အောင် နှစ်ပေါင်းများစွာ ပုံသွင်းလာခဲ့သော်လည်း မိမိတို့ မြန်မာလူမျိုးဟူသည် ဘယ်တော့မှ မ အ ပါကြောင်း ၊ လုပ်ထုံးဆွေးများဖြင့် လူထုကိုနားလှည့်ပါးရိုက် လုပ်နေကျ သူများကို သတိပေးလိုပါသည်ခင်ဗျား။

ကိုနေမျိုးဇင်

0 comments: