စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 22, 2012

အဏ္ဏ၀ါလွမ်းကုမ္မဏီပိုင်ရှင်ဖြစ်သူ ခင်စိုးမှတောင်သူများ၏လယ်မြေများ ၊ဥယျာဉ်ခြံမြေများအား ထိုက်သင့်သော လျော်ကြေးငွေများပေးခြင်းမရှိဘဲ မတရားသိမ်းပိုက်

လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ၊ အိမ်များအား လျော်ကြေးပေးခြင်းမပြုဘဲ အများပိုင်ကုမ္မဏီဆိုပြီး အဏ္ဏ၀ါလွမ်းမှ ခင်စိုး ဦးစီးပြီးကျောက်ဆင်ချောင်းနှင့်သပေါ့ဆိမ့်ကြားသိမ်းပိုက်ခြင်း

အဏ္ဏ၀ါလွမ်းကုမ္မဏီပိုင်ရှင်ဖြစ်သူ ခင်စိုးမှ ယခင်မွေး/ရေ၀န်ကြီး ဦးမောင်မောင်သိမ်း၏ အကူအညီများစွာယူပြီး ထားဝယ်မြို့တွင် အများပိုင်ကုမ္မဏီတစ်ခုထောင်ပြီး လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ချောင်းနှင့် သပေါ့ ဆိမ့်ကြား အိမ် များ၊ တောင်သူများ၏လယ်မြေများ ၊ဥယျာဉ်ခြံမြေများအား ထိုက်သင့်သော လျော်ကြေးငွေများ ပေးခြင်းမရှိဘဲ မတရားသိမ်းပိုက်ခြင်းလုပ်ငန်းများအားဒေသခံထားဝယ်သားများအားဦးဆောင်ပြီးသိမ်းဆည်းခြင်း လုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိပါသည်။ ဒီသတင်းနဲ့ပတ်သက်ပြီးမှတ်တမ်းဓါတ်ပုံများအား ဆက်လက်တင်ပြသွားပါမယ်။

ခင်စိုးဆိုပြီးအထင်ကြီးပြီးနောက်ကတစ်ခေါက်ခေါက်လိုက်သော ထားဝယ်သားများ သတိတာထားပေးတော့ လို့အသိပေးခြင်းပါတယ်။ ခင်စိုးသမိုင်းကြောင်းကို ဘယ်လောက်သိကြသလဲ.... .အကျဉ်းချုပ်ပြောပြမယ်နော်.. .

တကယ်တော့ခင်စိုးက ကဒတ်ကြီးသားတစ်ယောက်ပါ...ယခင်ငါးသလောက်ဈေးကောင်းတဲ့အချိန်က ဘိန်းဖြူရာဇာတစ်ဦးပါ.ယခင်ထောက်လှမ်းရေးမှတ်တမ်းများကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်....
ငါးသလောက်ဗိုက်အတွင်းဘိန်းဖြူထည့်ပြီး နိုင်ငံခြားကိုတင်ပို့တဲ့သူတစ်ယောက်ပါ။ ဒါကို ကယ်တင်ခဲ့သူက ဦးမောင်မောင်သိမ်းပါ။ အခုလည်း ဦးမောင်မောင်သိမ်း (၀န်ကြီးအငြိမ်းစား)နဲ့ပိုင်တယ်ဆိုပြီး ထားဝယ်မှ မတရားအများပိုက်ကုမဏီထောင်ပြီး မြေသိမ်းဆည်းခြင်းလုပ်ငန်းကိုစတင်နေပါပြီး နောက်ကလိုက်တဲ့
ထားဝယ်သားများ သတိထားကြပါ။ အခုဆို ဟိုတယ်ဇုံဆိုပြီးလုပ်ကြတော့ ကျွန်တော်တို့မှာနေစရာမရှိတော့ဘူး၊ ဒေသဆိုင်ရာ အစိုးရတွေကလည်း

ခင်စိုးကိုအထင်ကြီးကြီးနဲ့ဖွံဖြိုးရေးလုပ်ငန်းများကိုအပ်ကြတယ် ။ ထားဝယ်သားများ မယုံရင်ကြည့်ကြပါ။ ဒေသခံတောင်သူများ/ဥယျာဉ်ခြံပိုင်ရှင်များ ကိုပြေလည်အောင်မလုပ်ပေးဘဲမြေသိမ်းဆည်းလိမ့်မယ် ပြီးရင် ဟိုတယ်ကို တစ်လုံးလောက်ဆောက်ပြီး မြေရောင်းစားလိမ့်မယ်။ အများပိုင်ကုမ္မဏီဆိုပြီးလုပ်တာက ထားဝယ်သား လက်တစ်ဆုပ်စာပါ ။ မတရားလုပ်ရဲလုပ်ကြည့် စောင့်ကြည့်နေတဲ့ထားဝယ်သားများက တစ်တိုင်းလုံးပါ။ ခင်စိုးကိုတော့ လုံးဝမယုံပါဘူး ထားဝယ်သားအခြားတစ်ယောက်ဆိုရင်တော့ ယုံတယ်.....အရေခြုံထားတဲ့ကောင်--ထားဝယ်အသင်းကိုထောင်တာကလဲ ဟန်ပြပါ...အတိတ်ကပြစ်မှုကြီးကို ပေါ်မှာစိုးလို့ လူမှုရေး လျှောက်လုပ်နေတာ....ထားဝယ်ကိုကြီးအပါအ၀င် ထားဝယ်သားအားလုံးက မင်းကိုစောင့်ကြည့်နေတယ် ....မဟုတ်တာလုပ်လို့ကတော့ ထားဝယ်မြေကို ခြေချဖို့မစဉ်းစားနဲ့--ကိုမွေးခဲ့တဲ့နေရာလေးတစ်ခုက တံတားငယ်တစ်စင်းတောင်ကောင်းအောင်မလုပ်ဘူးဘဲ ဟော်တယ်ဇုံ စောင့်အုံး မယ်ဆိုတော့ လုံးဝယုံကြည်စရာမရှိဘူး။ အကြောင်းပြချက်ကတော့ နိုင်ငံခြားသားတွေကို ရောင်းစားဖို့ ကြံနေတယ်ဆိုတာအထင်အရှားဘဲ.....ထားဝယ်သားအားလုံး စောင့်ကြည့်ပြီး သတင်းတင်ပေး ကြပါ။နောက်တစ်ခါကြရင် ဓါတ်ပုံနဲ့တင်ပြပါမယ်....ငါးသလောက်ဗိုက်ထဲက ဘိန်းဖြူထုပ်တွေကိုပြပါမယ်......

ထားဝယ်ကိုကြီး

0 comments: