မြန်မာဂျာနယ်လစ်ကွန်ရက်
သတင်းထုတ်ပြန်ချက်- ၄/၂၀၁၂
(၁၈.၅.၂၀၁၂)
အကြောင်းအရာ။ ။ စာနယ်ဇင်းကောင်စီဖွဲ့စည်းရန် သဘောတူညီချက်များ။
စာနယ်ဇင်းကောင်စီဖွဲ့စည်းရန် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ သတင်းမီဒီယာအဖွဲ့အစည်းများသို့ ကမ်းလှမ်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍
ယနေ့ ၁၈.၅.၂၀၁၂ နေ့လည် ၁ နာရီမှ ၃ နာရီခွဲခန့်အထိ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)၊ မြန်မာနိုင်ငံသတင်းသမားများ သမဂ္ဂ(MJU)၊ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) တို့နှင့် စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးတင့်ဆွေ၊ ဦးမျိုးမြင့်မောင်တို့ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် ညှိနှိုင်းမှုများ၊ တောင်းဆိုမှုများကို သတင်းအဖွဲ့အစည်းများက ပြုလုပ်ခဲ့ကြပြီး ယနေ့ဆွေးနွေးပွဲတွင် ကြားဖြတ်စာနယ်ဇင်းကောင်စီတစ်ရပ်ကို ပဏာမဖွဲ့စည်းရန်အပါအ၀င် သဘောတူညီလိုက်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
သဘောတူညီချက်။ ။
နံပတ်(၁) ကြားဖြတ်စာနယ်ဇင်းကောင်စီနှင့်ပတ်သက်သည့် အချက်အလက်များကို ပုံနှိပ်သတင်းစာ(press) နှင့် သက်ဆိုင်သောအဖွဲ့အစည်းများက ကိုယ်တိုင်ပြုစုရေးဆွဲကြမည်ဟု သဘောတူလိုက်သည်။ (ယခုလကုန်မတိုင်မီ ပြန်ကြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်မည်ဖြစ်သည်။)
နံပတ် (၂) စာနယ်ဇင်းကောင်စီကို သမ္မတရုံးမှ အသိအမှတ်ပြုမည်ဟု သဘောတူလိုက်သည်။
နံပတ်(၃) ဖွဲ့စည်းမည့် ကြားဖြတ်စာနယ်ဇင်းကောင်စီသည် စာပေစိစစ်ရေးကိုအစားထိုးခြင်းမဟုတ် သဘောတူလိုက်သည်။
နံပတ်(၄) ကြားဖြတ်စာနယ်ဇင်းကောင်စီမပေါ်ပေါက်လာမီအတွင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယခုရေးဆွဲထားသည့် မီဒီယာဥပဒေအား လွှတ်တော်သို့ တင်ပြအတည်ပြုခြင်းမပြုလုပ်သေးဟု သဘောတူလိုက်သည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
0 comments:
Post a Comment