စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 9, 2012

နှုတ်ထွက် သွားသည့် ဒုသမ္မတ နေရာ ဆက်ခံမည့် သူ အတွက် ကြေငြာဖွယ်ရှိ


တင်ကျော်ကျော်စိုး ၊ ၊ လွှတ်တော် မှ အတည် ပြုပေး ရန် အတွက် သမ္မတ မှ အဆို
တင်သွင်းမည့် ဒုတိယ သမ္မတ ရာထူး ဆက်ခံ မည့် သူ အတွက် ယနေ့  သို့  မဟုတ် ယခု
သီတင်း ပတ် အတွင်း ကြေငြာ ဖွယ်ရှိ သည် ဟု FNG မှ သတင်း ရရှိသည်။

ယခင် စစ်ဘက် အရာရှိ မှ တစ်ဆင့် ဒုတိယ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ သည့် ဦးတင်
အောင်မြင့် ဦးသည် စင်္ကာပူ တွင် ဆေးဝါး ကုသခံ ပြီး နောက် မေလ ၃ ရက်နေ့  တွင် နှုတ် ထွက်
စာ ကို သမ္မတ ထံ တင်သွင်း ခဲ့ သည်။

ဒုတိယ သမ္မတ နေ ရာ ဆက်ခံ မည့် သူ ကို ယခင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ကိုယ်
တိုင် ရွေးချယ် နေ သည် ဟု လည်း နေပြည်တော် သတင်း ရပ် ကွက် မှ တစ်ဆင့် သိရှိ ရသည်။

ခိုင်လုံသော သတင်း ရပ် ကွက် မှ တစ်ဆင့် FNG က စုံစမ်း သိရှိ ရသည် မှာ ဒုတိယ သမ္မတ ရာထူး
နေရာ အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်း ၊ ဗိုလ်ချုပ်သိန်းဋ္ဌေး – နယ်စပ်စည်ပင်/ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၊
ဒေါက်တာ အေးမောင် ဗိုလ်ချုပ်သိန်းဋ္ဌေး – နယ်စပ်စည်ပင်/ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဦးဌေးဦး နှင့်
ဒေါ်အောင်ဆန်းစုကြည် တို့  ကို ရွေးချယ် ရန် လျှာထား မှု ပြုထား သည် ဟု သိရသည်။

ဦးတင်အောင်မြင့်ဦး သည် စစ်ဘက် တွင် ဗိုလ်ချုပ် အဆင့် ဖြင့် သီဟသူရ ဘွဲ့  ရရှိသည် ထိ တ၀န်
ထမ်းဆောင်ခဲ့ သော်လည်း အရပ် ဘက် တွင် မပျော် ပိုက် ဟု သိရသည်။

Freedom News Group

0 comments: