စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, May 12, 2012

ပုသိမ်မြို့မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ စီစဉ်ထားတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဟောပြောပွဲ အာဏာပိုင်တွေက ဖိအားပေး




ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှာ ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်တွေ စီစဉ်ထားတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း
ဟောပြောပွဲနေရာကို တိုင်းဒေသကြီး အာဏာပိုင်တွေက ဖိအားပေး တာကြောင့် ပြင်ဆင်ထားတဲ့ ဟောပြောပွဲနေရာကို ဖျက်သိမ်းလိုက်ရတယ် လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ ပုသိမ်မြို့ခံတွေက အာအက်ဖ်အေကို
ပြောပါတယ်။

မနက်ဖြန်မနက် ၉နာရီကနေ ညနေ ၅ နာရီအထိပုသိမ်မြို့ ဈေးကလေးလမ်း
မှာရှိတဲ့ မြောင်းမြ ကျောင်းတိုက်မှာ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ပွင့်လင်းလူ့အဖွဲ့အစည်း အမည်နဲ့
ဟောပြောပွဲကျင်းပဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲဖြစ်မြောက်ရေး စီစဉ်သူ တဦးက အခုလို ပြောပါတယ်။

"ပွင့်လင်းလူ့အဖွဲ့အစည်းပွဲအတွက် ပြင်ဆင်ထားတဲ့ မြောင်းမြကျောင်းတိုက်က ပွဲကို ဖျက်ပေးလိုက်ရတယ်။ ကပ်ထားတဲ့ တံဆိပ်တွေရော ဘာတွေရော၊ အကုန်လုံးကို ဖြုတ်ချပေးလိုက်ရပြီ။ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာညွှန်ကြားချက်မှတော့ မလာသေးဘူး။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကနေင်္ပြီးတော့ pressure ပေးတယ်။ တိုင်းသံဃာ့ နာယကအဖွဲ့ကနေ pressure ပေးတဲ့အတွက်ကြောင့်မို့လို့ ကျင်းပမယ့် နေရာကို ပျယ်ဖျက်ပေးလိုက်ရတယ်။ ဆင်ထားတဲ့ စာလုံးတွေဘာတွေကိုလည်း အကုန်လုံး ဖြုတ်ပေးလိုက်ရပြီ။"

တိုင်းဒေသကြီးက ညွှန်ကြားချက်မှာ စာသင်ကျောင်းတိုက်မှာ ကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်းခိုင်းတာလား၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဟောပြောပွဲ ခရီးစဉ်ကို ဖျက်သိမ်းခိုင်းတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိရဘူးလို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကတော့ ခရီးစဉ်နဲ့ ဟောပြောပွဲကို မဖျက်သိမ်းဘဲ ရတဲ့နေရာနဲ့ ဆက်လက် လုပ်သွားမယ်လို့ ပြောပါတယ်။ မနက်ဖြန် မနက်မှာ ဒေသခံလူငယ်တွေက ၈၈ မျိုးဆက်ခေါင်းဆောင်တွေကို ပုသိမ် မရောက်ခင်လမ်းမှာ သွားရောက် ကြိုဆိုကြမယ်လို့ ဆိုပါတယ်။

RFA

0 comments: