စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, May 20, 2012

တန်ဖဲကျေးရွာအားပြောင်းရွှေ့ ခြင်းကိစ္စ္စနှင့်၊ ပါတ်သက်ပြီး မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးမှ အကြောင်းပြန်စာပြန်လည်ပေးပို့


ကချင်ပြည်နယ်မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာအားပြောင်းရွှေ့ ခြင်းကိစ္စနှင့်ပါတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများကိုယ်စား၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးမှ သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးသို့ ပေးပို့ ခဲ့သော တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စနှင့်၊ ပါတ်သက်ပြီး မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးမှ၊ အလေးထားဆောင်ရွက်သင့်သည့်ကိစ္စဟု ယူဆပါကြောင်း အောက်ပါအတိုင်း အကြောင်းပြန်စာပြန်လည်ပေးပို့ လာပါသည်။

ယခုကဲ့သို့  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးအနေဖြင့်၊ မြန်မာနိုင်ငံသားများ ကြုံတွေ့ နေရသည့်၊ မတရားမှု့ များစွာ အခက်အခဲများစွာထဲမှ တစ်ခုဖြစ်သောတန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စရပ်ကို အလေးထားဆောင်ရွှက်သင့်သည့်ကိစ္စဟု ယူဆခြင်းအပေါ်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော၊ ကိုမြအေးမှ ကြိုဆိုလိုက်ကြောင်းနှင့် တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့ အခွင့်အရေးချိုးဖောက်ခံနေရသော ကိစ္စရပ်များအတွက်လည်း၊ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးမှ တ၇ားမျှတစွာ ကူညီဆောင်ရွက်ပေးရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။ မိမိတို့ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ လူ့ အခွင့်အရေးချိုးဖောက်ခံရမှု့ များ၊ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်ခံရမှု့ များ၊ ပပျောက်သွားရန်အတွက်၊ တိုင်းရင်းသားအရေး ကိစ္စရပ်များကို သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့်၊ ဆက်လက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

0 comments: