စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, May 20, 2012

ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ပါလီမန် မှာ မိန့် ခွန်း ပြောမည်


ဇွန်လ အတွင်း မှာ ဥရောပ နိုင်ငံ တွေ ကို ခရီး ထွက် ခွာ မှာ ဖြစ် တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ ဗြိတိသျှ ပါလီမန် မှာ မိန့်  ခွန်း ပြောကြား မှာ ဖြစ်တယ်
လို့  The Guardian သတင်းစာ မှာ ဖော် ပြထား ပါတယ်။

နိုင်ငံ ခေါင်းဆောင် တစ်ဦး မဟုတ် ပေ မယ့် ဒေါ်အောင်ဆန်းစုကြည် ကို အထူး ဂုဏ် ပြု တဲ့ အနေ
နဲ့  ဗြိတိသျှ လွှတ်တော် နှစ် ရပ်ပေါင်း ရဲ့  ပါလီမန် မှာ မိန့်  ခွန်း ပြောကြား ခွင့် ပေး တာ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက် နေ့ က ကျင်း ပခဲ့ တဲ့ ကြား ဖြတ် ရွေးကောက် ပွဲ မှာ အနိုင် ရရှိ ခဲ့ တဲ့ ဒေါ်အောင်ဆန်း
စုကြည် ဟာ သူ နေ ထိုင် ခဲ့ အောက်စဖိုဒ် မြို့  နဲ့  အောက်စဖို့ ဒ် တက္က သိုလ် တို့  ကို သွား ရောက်မှာ
ဖြစ် ပြီး အောက်စဖိုဒ် တက္ကသိုလ် က ပေး အပ် ချီးမြှင့် တဲ့ ဂုဏ်ထူးဆောင် ဆု တစ်ခု ကို ကိုယ် တိုင်
ကိုယ် ကျ လက်ခံ ယူစဉ် မှာ လည်း မိန့်  ခွန်း ပြောကြား အုံး မှာ ဖြစ်ပါတယ်။

လတ်တလော မှာ ဗြိတိန် နိုင်ငံ ကို ရောက် ရှိ နေ တဲ့ လွှတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်း ကတော့ ပါလီ
မန် ကို လေ့လာ ခွင့် ပဲ ရရှိ ခဲ့ ပြီး ပါလီမန် မှာ စကား ပြော ခွင့် ရရှိခဲ့ ခြင်း မရှိ ပါဘူး ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပြည် ပ ခရီးစဉ် ဟာ ၂၄ နှစ် အတွင်း ပထမ ဦးဆုံး အကြိမ် နိုင်ငံခြား ခရီး
စဉ် ဖြစ် ပြီး အိုင်ယာလန် နိုင်ငံ ကို လည်း ၀င်ရောက် မှာ ဖြစ် ပြီး နော်ဝေ နိုင်ငံ အော်စလို မြို့  မှာ ၁၉၉၀
ခုနှစ် က သူမ ရရှိထား ခဲ့ တဲ့ ငြိမ်းချမ်းရေး နိုဘဲလ် ဆု ကို လည်း တက်ရောက် လက္ခံ ရယူ မှာ ဖြစ်ပါတယ်။

ဧပြီလ ၁၄ ရက်နေ့  က ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် နှင့် တွေ့ ဆုံ ပြီး နောက် ပညာသွား ရောက်
သင်ခဲ့ သည့်  အင်္ဂလန် မြေ အား အလည် တစ်ခေါက် လာရောက် ပါရန် ဒေးဗစ် ကင်မရွန် ၏ ဖိတ်

ကြား ချက် အရ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်သည် လာမည့် ဇွန်

လတွင်  သွားရောက် လည်ပတ် မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို ပေးအပ် ချီးမြှင့် ထား သည့် ဆုတံဆိပ် များ အနက် ထက်ဝက် ကျော် မှာ

ဥရော ပ တိုက်  နိုင်ငံ များ မှ ဖြစ်ပါတယ်။

Freedom News Group

0 comments: