စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, May 20, 2012

အစိုးရ နှင့် RCSS/SSA အဖွဲ့တို့ သဘောတူညီချက် ၁၂ချက်ထုတ်ပြန်

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ရှမ်းပြည် ပြန်လည်
တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်
သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးစဉ် (ဓါတ်ပုံ-ရန်ကုန်တိုင်းဂျာနယ်)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ နှင့် RCSS/SSA
အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့ ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက် နံနက် ၈
နာရီဝန်းကျင် မှစတင်ဆွေးနွေးခဲ့ရာ ညပိုင်း ၈ နာရီတွင် ပြီးဆုံးခဲ့ပြီး ၈:၁၅ မိနစ်တွင်
သတင်းစာရှင်းလင်းပွဲ ကို ပြုလုပ်ပေးခဲ့ရာ ည ၉:၁၅ ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲအရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအဖွဲ့ နှင့် RCSS/SSA အဖွဲ့တို့သည် အောက်ပါအချက် ၁၂ ချက်ကို သဘောတူ
ချက်ရရှိခဲ့သည်။

၁. မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်

၂. RCSS / SSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များအားနေရာချထားရေး နှင့်ပတ်သက်၍
သဘောတူညီချက်

၃. RCSS / SSA အဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုများ အသက်မွေးဝမ်း ကျောင်းရေး
လုပ်ငန်းများ လုပ်ကိုင်ရန် သဘောတူညီချက်

၎. ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ ထိန်းသိမ်းပျိုးထောင်ရာတွင် ပံ့ပိုးကူညီရန်

၅. ပရဟိတ အဖွဲ့များဆိုင်ရာ သဘောတူညီချက်၆. သတင်းနှင့် စာနယ်ဇင်း ဌာနထူထောင်
ခွင့် ပြုခြင်း

၇. အကျဉ်းကျခံ နေရသည့် RCSS/SSA အဖွဲ့ဝင်များ ကိစ္စ

၈. ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့

၉.  မတရား အသင်းအဖြစ်မှ ပယ်ဖျက်ပေးရန်ကိစ္စ

၁၀. စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး ကိစ္စ

၁၁. RCSS/SSA တပ်ဖွဲ့များ အခြားသော အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရေးကိစ္စ

၁၂. နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ပြုလုပ်ပေးရေးကိစ္စ စသည့် အချက်များပါဝင်သည်။

ရန်ကုန်တိုင်းမ် ဂျာနယ် အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

အဆိုပါ ဆွေးနွေးပဲသို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်
မတီမှ ဒုတိယဥက္ကဌ ဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ၊ ပြည်
ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ၊ ဗိုလ်ချုပ် သန်းထွန်းဦး၊
ဗိုလ်ချုပ် စိုးထွဋ်၊ ဦးသန်းဌေး၊ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်
ဦးစဝ်အောင်မြတ် ၊ ဦးခင်မောင်စိုး၊ ဗိုလ်မှူးကြီး အောင်သူ နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့
နှင့် ရှမ်းပြည် ပြန်လည် တည်ဆောက်ရေး ကော်မတီ RCSS/ SSA မှ ဥက္ကဌ ဒုတိယ
ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင် သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် (၂၃) ဦး သည်
ယနေ့ နံနက် ၉ နာရီတွင် ကျိုင်းတုံမြို့ရှိ တြိဂံတိုင်း စစ်ဌာနချုပ်ရှိ ရွှေတြိဂံ ဧည့်ရိပ်သာ
အစည်း အဝေး ခန်းမ တွင် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ဒုတိယအကြိမ် အဖြစ် ထပ်မံဆွေးနွေး
ခဲ့ကြောင်း သိရသည်။ ပထမအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ဆွေးနွေးခဲ့
ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ
ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းက ကျွန်တော်တို့လုပ်ငန်းကော်မတီရဲ့
ထာဝရငြိမ်းချမ်းရေး လုပ်ဆောင်ရွက်ချက်တိုင်း ဟာ လမ်းပြ မြေပုံသုံးရပ် ၊ လုပ်ငန်းစဉ်(၈)
ရပ်၊ပြည်ထောင်စု အစိုးရရဲ့သဘောထား နှင့် တပ်မတော်ရပ်တည်ချက် အတွင်းက သွားနေမှာ
ဖြစ်ပါတယ် ဟု ထည့်သွင်းဆွေးနွေးသွားခဲ့သည်။

ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA မှဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး
ရွက်ဆစ် ဦးဆောင် သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် (၂၃) ဦး မှာ ဥက္ကဌ ဒုတိယ
ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင် ပြီး အဖွဲ့ ခေါင်းဆောင် အဖြစ် ဗိုလ်မှူးချုပ် ဘောင်ခေး ၊
ဒုအဖွဲ့ခေါင်းဆောင် အဖြစ် ဗိုလ်မှူးချုပ် စိုင်းလူး၊ အတိုင်ပင်ခံအဖြစ် စဝ်ပင်ခမ်း၊ ငြိမ်းချမ်းရေး
အကျိုးတော်ဆောင် စဝ်ခွန်မိဏ်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးအောင်တိန်း ၊ ဗိုလ်မှူးကြီး
အောင်မြ ၊ ဗိုလ်မှူးကြီး အောင်မောင်း၊ ဗိုလ်မှူးကြီး ခေးပျူ၊ ဗိုလ်မှူးကြီး တင်းခေး၊ ဗိုလ်မှူးကြီး
ဝမ်းလီ၊ ဒုဗိုလ်မှူးကြီး စိုင်းငင်း ၊ ဒုဗိုလ်မှူးကြီး စိုင်းဟန်၊ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း၊ ဒုဗိုလ်မှူးကြီး
ယီတစ်၊ ဒုဗိုလ်မှူးကြီး ဝန်းခေး၊ ဒုဗိုလ်မှူးကြီး ယွက်မိဏ်း၊ ဒုဗိုလ်မှူးကြီး ဟိန်းဖှ၊ ဗိုလ်မှူး
စိုင်းဦး၊ ဗိုလ်မှူး ဆိုင်ဝမ်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီး
ရွက်ဆစ် က မူးယစ် ဆေးဝါး ပပျောက်ရေး စီမံကိန်းကို အဓိကထား ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါ စီမံကိန်းကို ၆ နှစ်စီမံကိန်း ဖြင့်ပပျောက် အောင် စီမံကိန်း ချ ဆောင်ရွက်မည်
ဟုသိရ ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ရေးသားဖော်ပြထားပါသည်။

0 comments: