စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

ယနေ့ ည ၇ နာရီတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင် နှင့် အဖွဲ့  လျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ် ဖော်မည်




မြန်မာ့ ပြည်တွင်း ပြည်သူ လူထုအား အမှောင်ချထားပြီး ပြည်တွင်းထွက် လျှပ်စစ်ဓါတ်အားများကို နိုင်ငံခြားသားများ အတွက် ရောင်းချနေခြင်းအား ၀မ်းနည်းကြောင်း ပြသသည့် အနေဖြင့် ယနေ့ည ၇ နာရီတွင် ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် နံဘေး သစ်ဆိုင်ကွေ့မှတ်တိုင် ရှိ မြို့နယ် လျှပ်စစ် ရုံးရှေ့တွင် ဖယောင်းတိုင်ထွန်းကာ အမှောင်ထုတွင်း ငြိမ်သက်စွာ ရပ်ပြီး မြန်မာ့မြေမှ ထွက်သော သယံဇာတများ မြန်မာပြည်ထောင်စု ပြည်သူ့အတွက်သာ ဖြစ်ပါစေကြောင်း ဆုတောင်း ပါမည်။

မိမိတို့ အခြေခံလူတန်းစား ပြည်သူလူထု နှင့် တန်းတူ အရေးကြီးပုဂ္ဂ္ဂိုလ်များ နေထိုင်ရာ ဗွီအိုင်ပီ ရပ်ကွက်များသည်လည်း အမှောင်ချထားခံရသည် ဆိုပါလျှင် ထို ရပ်ကွက်နေ ဗွီအိုင်ပီ များ လည်း ကျနော်နှင့် အတူ လာရောက် ဆုတောင်းနိုင်ပါသည်။

မှောင်မိုက်မိုက်တွင် ကျနော်တို့နှင့် အတူတူ အခက်ကြုံ နေရသော ပြည်သူ့ရဲ ၀န်ထမ်း မိသားစုများ အပါအ၀င် လျှပ်စစ်ကြောင့် ဖိစီးဒုက္ခရောက်နေကြသော ၀န်ထမ်းများ မည်သည့် အဖွဲ့အစည်းမှ မဆို လာရောက် ပူးပေါင်း ဆုတောင်း နိုင်ပါသည်။

(ဗိုလ်ကြီးဟောင်း) နေမျိုးဇင်

0 comments: